DVB Logo
Home
အားကစား
ချဲလ်ဆီးအသင်း ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုဖလား ဆွတ်ခူး၊  သမ္မတ ထရမ့်ပ် ဆုချီးမြှင့်
DVB
·
July 14, 2025
ချဲလ်ဆီးအသင်း ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုဖလား ဆွတ်ခူး၊  သမ္မတ ထရမ့်ပ် ဆုချီးမြှင့်
Donate to DVB

ဇူလိုင် ၁၄ ရက် ဒီနေ့မနက်ပိုင်းက ယှဉ်ပြိုင်သွားတဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းက ပီအက်စ်ဂျီကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲပုံစံအသစ်၊ နာမည်အသစ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပထမဆုံးပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းက ပထမဆုံးချန်ပီယံအသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ဥရောပချန်ပီယံလိဂ်ချန်ပီယံဖြစ်ပြီး ကလပ်ဖလားပြိုင်ပွဲတလျှောက် ခြေစွမ်းပြသနိုင်ခဲ့ပေမဲ့ ဗိုလ်လုပွဲအရောက်မှာတော့ ချဲလ်ဆီးအသင်းကို မယှဉ်နိုင်ဘဲ ပထမပိုင်းပဲ ၃ ဂိုးအထိ ပေးခဲ့ရတာပါ။

ချဲလ်ဆီးအသင်းမှာ ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာ အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး ပွဲချိန် ၂၂ နဲ့ ၃၀ မိနစ်တွေမှာ ၂ ဂိုးဆက်တိုက် ဦးဆောင်ဂိုး သွင်းခဲ့သလို ပွဲချိန် ၄၃ မိနစ်မှာ ပတ်ဒရို သွင်းယူခဲ့တဲ့ ဂိုးအတွက်လည်း ဂိုးဖန်တီးပေးခဲ့တာပါ။

ပွဲပြီးခါနီး ၈၅ မိနစ်မှာ ပီအက်စ်ဂျီကွင်းလယ်လူ ယာအိုနီဗက်စ် ထုတ်ပယ်ခံခဲ့ရပြီး ဥရောပချန်ပီယံ ပီအက်စ်ဂျီအတွက် အရှက်ရစရာရှုံးပွဲ ဖြစ်သွားခဲ့ပါတယ်။

နယူးဂျာစီပြည်နယ်၊ မတ်လိုက်ဖ်အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ပွဲစဉ်အပြီးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အနိုင်ရ ချဲဆီးအသင်းကို ချန်ပီယံဆုဖလား တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။

အမေရိကန်သမ္မတဟာ သမ္မတကတော် မီလန်နီယာထရမ့်ပ်၊ အမိမြေလုံခြုံရေးဝန်ကြီး ခရစ်တီနိုအမ်၊ ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုတို့နဲ့အတူ ဒီဗိုလ်လုပွဲ ပွဲစဉ်ကို တက်ရောက်ကြည့်ရှု အားပေးခဲ့တာပါ။

ဆုပေးပွဲအခမ်းအနားထဲကို သမ္မတ ဝင်ရောက်လာချိန်မှာ ပရိတ်သတ်က အော်ဟစ်ကြိုဆိုခဲ့ကြပါတယ်။

ပွဲစဉ်ပြီးဆုံးချိန်မှာ သမ္မတထရမ့်ပ်က  ရွှေဘောလုံးဆုရှင် ချဲလ်ဆီးကွင်းလယ်ကစားသမား ကိုးလ်ပါမာနဲ့ ရွှေလက်အိတ်ဆုရှင် ချဲလ်ဆီးဂိုးသမား ရောဘတ်ဆန်းချက်တို့ အပါအဝင် တယောက်ချင်းကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။

သူနဲ့အတူ အင်ဖက်တီနိုတို့က ငွေတံဆိပ်ဆုရရှိတဲ့ ပီအက်စ်ဂျီအသင်း ကစားသမားတွေကိုလည်း ဆုချီးမြှင့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013