DVB Logo
Home
နိုင်ငံတကာ
Air India လေယာဉ်အင်ဂျင်နှစ်ခုလုံး ပျံတက်စတွင် ပိတ်သွားခဲ့ဟု အစီရင်ခံစာက ဖော်ပြ
DVB
·
July 13, 2025
Air India လေယာဉ်အင်ဂျင်နှစ်ခုလုံး ပျံတက်စတွင် ပိတ်သွားခဲ့ဟု အစီရင်ခံစာက ဖော်ပြ
Donate to DVB

မကြာသေးမီက ပျက်ကျခဲ့တဲ့ Air India လေယာဉ်ရဲ့ အင်ဂျင်နှစ်ခုစလုံးဟာ ပျံတက်ပြီး စက္ကန့်ပိုင်းအတွင်းမှာ ပိတ်သွားခဲ့တယ်လို့ အိန္ဒိယ လေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရို (ABI) က စနေနေ့မှာ ထုတ်ပြန်တဲ့ ပဏာမစုံစမ်းစစ်ဆေးမှု အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။

လေကြောင်းခရီးစဉ်အမှတ် AI-171 လေယာဉ်မပျက်ကျမီ  အင်ဂျင်နှစ်လုံးရဲ့ ဆီစီးဆင်းမှုကို ထိန်းချုပ်တဲ့ ခလုတ်တွေဟာ တစက္ကန့်အတွင်း ပိတ်သွားလို့ လေယာဉ်အင်ဂျင်တွေ အလုပ်မလုပ်တော့ဘူးလို့ အိန္ဒိယမီဒီယာတွေက ဆိုပါတယ်။ 

လေယာဉ်မှူးတယောက်က ‘မင်းဘာလို့ (ဆီကို)ဖြတ်လိုက်တာလဲ’ လို့ မေးပြီး တခြားလေယာဉ်မှူးက ‘ကျနော် မဟုတ်ဘူး’ လို့ ပြန်ဖြေထားတာကို အသံဖမ်းစက်ကနေ ကြားရပါတယ်။ 

ခလုတ်နှစ်ခုလုံးကို ပြန်ရွှေ့ခဲ့အပြီး အင်ဂျင်တလုံးက ပြန်ကောင်းတဲ့လက္ခဏာတွေ ပြနေပေမယ့် အင်ဂျင်နောက်တလုံးကတော့ အလုပ်မလုပ်ခဲ့ဘူးလို့ မတော်တဆမှု အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ပျံသန်းမှုလမ်းကြောင်းနားမှာ ထူးခြားတဲ့ ငှက်အုပ်လှုပ်ရှားမှုကို မတွေ့ရပါဘူး။ 

လေယာဉ်ဟာ လေဆိပ်ပတ်၀န်းကျင်နံရံကိုမဖြတ်မီ အမြင့်ကနေ ပြုတ်ကျသွားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

လေယာဉ်ပျက်ကျချိန်မှာ လေတိုက်တဲ့အခြေအနေနဲ့ အဆင်းဂီယာ အနေအထားတွေလည်း ပုံမှန်ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ဒီဖြစ်ရပ်မှန်တွေဟာ နောင်လာမယ့် စုံစမ်းစစ်ဆေးမှုတွေအတွက် အဓိကအချက် ဖြစ်လာမယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဗြိတိန်နိုင်ငံထုတ် Air India လေယာဉ် ဘိုးရင်း 787-8 Dreamliner ဟာ ဇွန် ၁၂ ရက်က အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မြို့တော်ရဲ့ တောင်ဘက် ၁၇ ကီလိုမီတာအကွာ အဟ်မက်ဒါဘတ်မြို့ စာဒါ ဗယ်လာဘိုင် ပတေးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ပျံတက်ပြီး မကြာမီ ပျက်ကျခဲ့တာဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013