
အာဖရိကရဲ့ ထိပ်တန်းရွှေထုတ်လုပ်သူနိုင်ငံ ဂါနာဟာ မှောင်ခိုကုန်ကူးလို့ ဆုံးရှုံးသွားတဲ့ ဒေါ်လာ ဘီလီယံပေါင်း များစွာကို ပြန်ရဖို့ ကြိုးပမ်းနေချိန်မှာ ဂါနာသမ္မတ ဂျွန်ဒရာမာနီ မဟာမာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျောထောက် နောက်ခံပေးထားတဲ့ အထူးတပ်ဖွဲ့ကို အင်္ဂါနေ့က စတင် မိတ်ဆက်ခဲ့ပါတယ်။
အထူးတပ်ဖွဲ့ဟာ ဂါနာနိုင်ငံရဲ့ ပထမဆုံးသော ပြည်လုံးကျွတ် ရွှေမှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေး အစပျိုးမှုဖြစ်ပါတယ်။
အစိုးရက လက်ဖြစ်တူးတဲ့ သတ္တုတွင်းတွေကို ရှင်းဖို့ အရင်ကကြိုးပမ်းခဲ့ပေမဲ့ တရားမဝင် ထုတ်ယူမှုကို တားဆီးဖို့နဲ့ အာဖရိကရွှေထုတ်လုပ်သူအများစုကို ထိခိုက်စေမယ့် ဝင်ငွေဆုံးရှုံးမှုကို တားဆီးရာမှာ မအောင်မြင် ခဲ့ပါဘူး။
ဂါနာနိုင်ငံဟာ အခုနှစ်မှာ ရွှေအရောင်းအဝယ်လုပ်ဖို့ GoldBod လို့ လူသိများတဲ့ ရွှေဘုတ်အဖွဲ့ အသစ်ကို ဖန်တီးခဲ့ပါတယ်။
ဒါကြောင့် ၂၀၂၅ ခုနှစ် ပထမငါးလအတွင်း ဒေါ်လာ ၅ ဘီလီယံတန်ဖိုးရှိတဲ့ ရွှေ ၅၅ ဒသမ ၇ မက်ထရစ် တန် တင်ပို့ရင်း စံချိန်တင်ခဲ့တယ်လို့ သမ္မတ မဟာမာက အထူးတပ်ဖွဲ့သစ် စမိတ်ဆက်တဲ့ ပွဲမှာပြောခဲ့ပါတယ်။
စစ်သားတွေနဲ့ ရဲအရာရှိတွေပါမယ့် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့သစ်နဲ့ ပြည်သူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အားပေးဖို့ သတင်းပေးသူတွေဟာ သူတို့ပေးတဲ့သတင်းကြောင့် သိမ်းဆည်း ရမိတဲ့ ရွှေတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို ရမယ်လို့လည်း မဟာမာက ပြောပါတယ်။
Source:Reuters