DVB Logo
Home
နိုင်ငံတကာ
ဘရာဇီး၏ ကာဗွန်အကြွေးစီမံကိန်းမှ တရားမဝင်သစ်ခုတ်သမားများ အကျိုးအမြတ်ရ
DVB
·
July 9, 2025
ဘရာဇီး၏ ကာဗွန်အကြွေးစီမံကိန်းမှ တရားမဝင်သစ်ခုတ်သမားများ အကျိုးအမြတ်ရ
Donate to DVB

ကမ္ဘာတဝန်းက ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချပေးတဲ့ ကာဗွန်ခရက်ဒစ် အတွက်  အမေဇုန်မိုးသစ်တောကို ကာကွယ်ဖို့ ပုံစံထုတ်ထားတဲ့ ဘရာဇီးနိုင်ငံက သစ်တော ထိန်းသိမ်းရေး ပရောဂျက်တွေထဲမှာ ဒေါ်လာသန်းရာနဲ့ချီ ရင်းနှီးမြှုပ်နှံထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စေတနာ့ဝန်ထမ်းဈေးကွက်မှာ ကာဗွန် ထုတ်လွှတ်မှု အလျှော့အတင်းရောင်းချတဲ့ ဘရာဇီးအမေဇုန်က ထိန်းသိမ်းရေး စီမံကိန်း ၃၆ ခုကို ရိုက်တာ သတင်းဌာနက ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ရာမှာ စီမံကိန်းတွေထဲက အနည်းဆုံး ၂၄ ခုမှာ တရားမဝင်သစ်တော ပြုန်းတီးမှုအတွက် ဘရာဇီးရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီ Ibama က အပြစ်ပေးတာခံရတဲ့ သစ်တောကုမ္ပဏီတွေ ပါနေတာကို တွေ့ရပါတယ်။

အမေဇုံတောမှာ သစ်တောပြုန်းတီးမှုအပေါ် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတဲ့ ဘရာဇီးရဲ့ ၂၀၀၈ သစ်တော ဥပဒေကို ချိုးဖောက်တဲ့ ပြည်သူ့ခြေရာခံမှတ်တမ်းနဲ့အတူ ဘရာဇီးနိုင်ငံရဲ့ ကာဗွန်စျေးကွက်အများစုဟာ ပုဂ္ဂလိက မြေပိုင်ရှင်တွေရဲ့ ယုံကြည်စိတ်ချရမှုအပေါ် မှီခိုနေတယ် ဆိုတာ ခွဲခြမ်းစိပ်ဖြာဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ငါးနှစ်အတွင်း ဘရာဇီးကာဗွန်ခရက်ဒစ် ဈေးကွက်ထဲက အကြီးဆုံးနာမည် တခုဟာ ရီကာဒို စတော့ပီ ဂျူနီယာ ဖြစ်ပါတယ်။

သူဟာ မြေယာပိုင်ဆိုင်မှု အတုတွေကို အခြေခံပြီး တရားမဝင် အကြီးအကျယ် သစ်ခုတ်မှု  အစီအစဉ်ကို ဦးဆောင်တယ်လို့ စွပ်စွဲခံရပြီး ပြီးခဲ့တဲ့ ဇွန်လက အဖမ်းခံခဲ့ရပါတယ်။

စတော့ပီဟာ အမေဇုန်မိုးသစ်တောရဲ့ စတုရန်းကီလိုမီတာ ၁၀၀၀ ကို ကယ်တင်ရင်း အသက်တွေကို ကယ်တင်ခဲ့တဲ့ ဘရာဇီးလ်ဆရာဝန် တယောက် အဖြစ် သူ့ကိုယ်သူ ဖော်ပြရင်း ကမ္ဘာ့ဦးဆောင် ကာဗွန်ခရက်ဒစ် စွန့်ဦးတီထွင် လုပ်ငန်းရှင်အဖြစ် နှစ်ပေါင်းများစွာ သတ်မှတ်ကြေညာခဲ့တာပါ။

၂၀၂၀ ခုနှစ်ကစပြီး သူဟာ ဒေါ်လာ ၁၄ ဒသမ ၆ သန်းတန် ခရက်ဒစ်တွေကို ရောင်းခဲ့တယ်လို့ စျေးကွက်စောင့်ကြည့်သူ Allied Offsets က ခြေရာခံထားတဲ့ စျေးနှုန်းဒေတာတွေကို ရိုက်တာသတင်းဌာနက ဆန်းစစ် ဖော်ပြခဲ့ပါတယ်။

စာမျက်နှာ ၃၀၀ ပါတဲ့ ပြည်ထောင်စုရဲတပ်ဖွဲ့ရဲ့ လျှို့ဝှက် အစီရင်ခံစာထဲမှာ ဒီချိုးဖောက်မှုတွေက အနည်းဆုံးဖြစ်တယ်လို့ အကြံ ပြုထားပါတယ်။

မိုးသစ်တောထဲက တရားမ၀င် ခုတ်နေတဲ့ သစ် ကုဗမီတာ ၁ သန်းကျော်ကို မြေယာတွေ အတုလုပ်ရင်း ခဝါချဖို့ ပြည်သူ့ဝန်ထမ်း အရာရှိတွေကို လာဘ်ထိုးတဲ့ ရာဇ၀တ်ဂိုဏ်းကို ကြိုးကိုင်နေသူလို့ စတော့ပီကို ရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။ 

စတော့ပီဟာ နိုဝင်ဘာလမှာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက် ခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင် ကောင်းကျိုးအတွက် လုပ်တာထက်ပိုချဲ့ကား အရောင်းမြှင့်တင်နေတာတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေး "Operation Greenwashing" လို့ခေါ်တဲ့ ပြည်ထောင်စုအဆင့်  စုံစမ်းစစ်ဆေးရေးမှာ စွဲချက်တင်ခံဖို့ စတော့ပီဟာ စောင့်ဆိုင်းနေရပါတယ်။

Source:Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013