DVB Logo
Home
နိုင်ငံတကာ
ရေနံအထွက်နှုန်း တိုးမြှင့်မည်ဟု ရေနံရောင်းနိုင်ငံများ ကြေညာ
DVB
·
July 7, 2025
ရေနံအထွက်နှုန်း တိုးမြှင့်မည်ဟု ရေနံရောင်းနိုင်ငံများ ကြေညာ
Donate to DVB

ရေနံထုတ်လုပ်ရောင်းချသူ နိုင်ငံများအဖွဲ့ (OPEC) နဲ့ မဟာမိတ်တွေစုပေါင်းပြီး OPEC+ လို့ခေါ်တဲ့ အသိုက်အဝန်းက ဩဂုတ်လမှာ တရက်ကို ရေနံစည်ပေါင်း ၅၄၈,၀၀၀ (bpd) အထိ ထုတ်လုပ်မှု တိုးမြှင့်ဖို့ ဆုံးဖြတ်တယ်လို့ စနေနေ့က ကြေညာပါတယ်။

ဇူလိုင်လနဲ့ နှိုင်းယှဉ်ရင် ထုတ်လုပ်နှုန်း ပိုမြန်ဆန်လာခဲ့တာပါ။ ဇူလိုင်လမှာ OPEC+ နိုင်ငံတွေဟာ လတ်တလော အထွက်နှုန်းလျှော့ချမှု အလွှာကို ဖြည်းဖြည်းချင်း ဖြေလျှော့ဖို့ စီစဉ်ခဲ့ပြီးမှ ရေနံထုတ်လုပ်မှု တရက်ကို ရေနံစိမ်းစည်ပေါင်း ၄၁၁,၀၀၀  bpd တိုးထုတ်လာခဲ့ပါတယ်။

ဆော်ဒီအာရေဗျ၊ ရုရှား၊ အီရတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်၊ ကာဇက်စတန်၊ အယ်လ်ဂျီးရီးယားနဲ့ အိုမန်တို့ အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ စျေးကွက်အခြေအနေနဲ့ အလားအလာတွေကို ပြန်သုံးသပ်အပြီး စနေနေ့က ဆုံးဖြတ်ချက်ကို OPEC ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

တည်ငြိမ်တဲ့ ကမ္ဘာ့စီးပွားရေးအလားအလာနဲ့ လက်ရှိမှာ အခြေအနေကောင်းတဲ့ စျေးကွက်အခြေခံ အချက်အလက်တွေကို သုံးသပ်ပြီး ချိန်ညှိဆုံးဖြတ်ခဲ့တာလို့ ကြေညာချက်က ဆိုပါတယ်။

ပြုပြင်ပြောင်းလဲမှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး စျေးကွက်အခြေအနေ တဖြည်းဖြည်း တိုးတက် ဖွံ့ဖြိုးလာစေဖို့ ရေနံထုတ်လုပ်နှုန်း တဖြည်းဖြည်း တိုးလာတာကို ခဏရပ်ထားနိုင်သလို ပြောင်းပြန်လဲ ဖြစ်သွားနိုင်တယ်လို့ ကြေညာချက်ထဲမှာ မှတ်ချက်ပြုထားပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ကနဦးကြေညာခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွက် ရေနံစိမ်းစည် တရက်ကို ၂ ဒသမ ၂ သန်း bpd ထုတ်လုပ်မှု ဖြတ်တောက်ခဲ့တာပါ။

ဒီထုတ်လုပ်မှု လျှော့ချတာကို အကြိမ်ပေါင်းများစွာ သက်တမ်းတိုးခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမသုံးလပတ်မှာ နောက်ဆုံး သက်တမ်းတိုးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013