DVB Logo
Home
နိုင်ငံတကာ
OPEC အဖွဲ့မှ ယူအေအီးနိုင်ငံ နုတ်ထွက် 
DVB
·
April 29, 2026
Photo: Saudi Press Agency/Handout via REUTERS
Photo: Saudi Press Agency/Handout via REUTERS
Donate to DVB

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) က ရေနံထုတ်လုပ်ရောင်းချသူ နိုင်ငံများအသင်း (OPEC) နဲ့ OPEC+  အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်တယ်လို့ ဧပြီ ၂၈ရက်မှာ ပြောပါတယ်။

အီရန်စစ်ပွဲက သမိုင်းဝင် စွမ်းအင်ပြဿနာ ဖြစ်ပေါ်စေပြီး ကမ္ဘာ့စီးပွားရေးကို မတည်မငြိမ်ဖြစ်စေတဲ့အချိန်မှာ ရေနံတင်ပို့တဲ့ အဖွဲ့တွေနဲ့ သူတို့ရဲ့ ခေါင်းဆောင် ဆော်ဒီအာရေဗျအပေါ်  ပြင်းထန်တဲ့ ထိုးနှက်ချက်တခု ဖြစ်ခဲ့တာပါ။

OPEC အဖွဲ့ဟာ ပထဝီနိုင်ငံရေးကနေ ထုတ်လုပ်မှုခွဲတမ်းတွေအထိ ကိစ္စရပ်အများအပြားမှာ ဒေသတွင်းမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပေမဲ့ စည်းလုံးညီညွတ်မှုကို ပြဖို့ ပုံမှန်အားဖြင့် ကြိုးစားခဲ့တာပါ။

ယူအေအီးရဲ့ အံ့အားသင့်စရာ ဆုံးရှုံးမှုဟာ OPEC အဖွဲ့ကို ရှုပ်ထွေးစေပြီး အားနည်းစေနိုင်ပါတယ်။ OPEC ပင်လယ်ကွေ့ ရေနံထုတ်လုပ်သူများအဖွဲ့ဟာ အီရန်ရဲ့ ခြိမ်းခြောက်မှုတွေ၊ သင်္ဘောတွေကို တိုက်ခိုက်မှုတွေကြောင့် အီရန်နဲ့ အိုမန်အကြား ကျဉ်းမြောင်းတဲ့ ဟော်မုဇ် ရေလက်ကြားကတဆင့် ပို့ကုန်တွေ တင်ပို့ဖို့ ကြိုးစားရုန်းကန်နေရပါတယ်။

ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ရည် ၅ ပုံ ၁ ပုံ ပုံမှန်ဖြတ်သန်းသွားလာနေတဲ့ ရေလမ်းကြောင်းပါ။

ဒါပေမဲ့ OPEC ကနေ ယူအေအီးနုတ်ထွက်တာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အတွက် အောင်ပွဲကြီးတခုဖြစ်ပြီး ရေနံဈေးနှုန်းတွေ မြင့်တက်လာခြင်းအားဖြင့် ကျန်သေးတဲ့ ကမ္ဘာ့နိုင်ငံတွေကို ကိုယ်ကျိုးရှာ အမြတ်ထုတ်နေတယ်လို့ စွပ်စွဲနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013