DVB Logo
Home
နိုင်ငံတကာ
ဥရုဂွေးတွင် အအေးလွန်ကဲလှိုင်းကြောင့် လူ ၈ ဦး သေဆုံး
DVB
·
July 5, 2025
ဥရုဂွေးတွင် အအေးလွန်ကဲလှိုင်းကြောင့် လူ ၈ ဦး သေဆုံး
Donate to DVB

တောင်အမေရိကနိုင်ငံဖြစ်တဲ့ ဥရုဂွေး နိုင်ငံအတွင်း ဒီသီတင်းပတ်မှာ အအေးလှိုင်းဝင်ရောက်မှု ကြောင့် နိုင်ငံရဲ့ အမျိုးသားအရေးပေါ်စနစ် (SINAE)ကနေ ခိုလှုံရေးစခန်းတွေကို ၂၄ နာရီ ဖွင့်လှစ်ပေးထားခဲ့ပြီး အအေးလှိုင်းကြောင့် လူ ၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၂ ရက်က မွန်တီဗီဒီယို ခိုလှုံရေးစခန်းမှာ စေတနာ့ဝန်ထမ်းတွေဟာ လမ်းပေါ်နေ လူတန်းစားအတွက် ပေးပို့မယ့် အစားအသောက်တွေကို နွှေးပေးခဲ့ပြီး လမ်းပေါ်မှာ အေးခဲနေတဲ့အပူချိန်ကို ရှောင်ရှားနိုင်အောင် ခိုလှုံရေးစခန်းမှာ တနေ့လုံးနေကြဖို့ ကြိုဆိုခဲ့ပါတယ်။

စခန်းမှာ လာခိုလှုံတဲ့သူတွေမှာ ၂ မျိုးရှိပြီး အသက်ငယ်လွန်းတဲ့သူတွေနဲ့ သက်ကြီးရွယ်အိုတွေ လာကြတယ်လို့ အစိုးရရဲ့ အရေးပေါ်စနစ် SINAE မှ ခိုလှုံရေးစခန်းရဲ့ မန်နေဂျာ ရိုမီနာ ဂွန်ဇာလေ့ဇ် က ပြောပါတယ်။

ခိုလှုံရေးစခန်းတွေကို ရောက်လာသူတွေကို အစားအသောက် ၄ ကြိမ်၊ အထောက်အပံ့၊ အတူ အဖော်ပြုပေးမှု၊ အဝတ်အစား၊ မွေ့ယာနဲ့ အိပ်ရာ သူတို့ လိုအပ်တာမှန်သမျှ ပေးပြီးတော့ သူတို့နဲ့အတူ စကားပြောတာ၊ တကိုယ်ရေသန့်ရှင်းမှုအတွက်လည်း စီစဉ်ပေးထားတယ်လို့ မန်နေဂျာ ဂွန်ဇာလေ့ဇ်က ပြောပါတယ်။ 

ဥရုဂွေး အစိုးရက လူပေါင်း ၂၇၀၀ နီးပါးကို ကူညီပေးခဲ့ပြီး ၅၇၅ ယောက်ကို ခိုလှုံရေးစခန်းထဲ အရောက်ပို့ပေးထားခဲ့ကြောင်း အသိပေးခဲ့ပါတယ်။

အအေးလွန်ကဲမှုအတွက် ထိခိုက်လွယ်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သူတွေအတွက် ဇွန် ၂၃ ရက်က အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ဥရုဂွေး မိုးလေဝသဌာနဟာ မွန်တီဗစ်ဒီယိုမှ ၂၆၀ ကီလိုမီတာအကွာရှိ ပါဆိုဒီလော့စ်တိုရို့စ်မှာ ဇူလိုင် ၂ ရက်က အပူချိန် - ၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ် (၂၃ ဒသမ၉ ဖာရင်ဟိုက်) နဲ့ စံချိန်တင် နိမ့်ဆင်းခဲ့ပြီး ၂၀၂၁ ခုနှစ်က အမှတ်အသားပြုထားတဲ့ - ၃ ဒသမ ၅ (၂၅ ဒသမ ၇ ဖာရင်ဟိုက်) ကို ကျော်လွန်သွားခဲ့ကြောင်း မှတ်တမ်းတင်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013