
အာဆင်နယ်အသင်းဟာ စပို့တင်းတိုက်စစ်မှူး ဗစ်တာယိုကရက်ရှ်ကို ခေါ်ဖို့ နီးစပ်လာတယ်လို့ သိရပါတယ်။
အသက် ၂၇ နှစ်ရှိ ဆွီဒင်တိုက်စစ်မှူးဟာ မနှစ်ကရာသီမှာ စုစုပေါင်း ၅၂ ပွဲမှာ ၅၄ ဂိုးအထိ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဥရောပထိပ်တန်းအသင်းတွေရဲ့ အပြိုင်အဆိုင် စိတ်ဝင်စားမှု ခံနေရသူပါ။
လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ယိုကရက်ရှ်အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဟက်ဆန်နဲ့ အကြိုသဘောတူညီမှုရဖို့ အလွန်နီးစပ်လာတယ်လို့ ပြင်သစ်သတင်းစာ L’Equipe က ဖော်ပြပါတယ်။
အာဆင်နယ်ဟာ ယိုကရက်ရှ်အတွက် ပေါင်သန်း ၇၀ ထက်မနည်း ပေးရနိုင်ပြီး စပို့တင်းနဲ့လည်း ဆွေးနွေးရမှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ယိုကရက်ရှ်အပြင် မိုနာကိုအသင်းက ပြင်သစ်လူငယ်လက်ရွေးစင် အတ်ကလီယိုချီ ကိုလည်း ခေါ်ဖို့ ချိတ်ဆက်နေတယ်လို့ ပြင်သစ်သတင်းစာ L’Equipe က ဖော်ပြပါတယ်။
Photo: Reuters