DVB Logo
Home
နိုင်ငံတကာ
K-pop အဖွဲ့ BTS က လာမည့်နှစ်တွင် အယ်လ်ဘမ်အသစ်နှင့် ဖျော်ဖြေပွဲ ပြုလုပ်မည်
DVB
·
July 2, 2025
K-pop အဖွဲ့ BTS က လာမည့်နှစ်တွင် အယ်လ်ဘမ်အသစ်နှင့် ဖျော်ဖြေပွဲ ပြုလုပ်မည်
Donate to DVB

တောင်ကိုရီးယား K-pop အဖွဲ့ဖြစ်တဲ့ BTS ဟာ လာမယ့်နှစ်မှာ အယ်လ်ဘမ်အသစ်နဲ့ တိုးဖျော်ဖြေပွဲတွေလုပ်ဖို့ အစီအစဉ်လုပ်ထားတယ်လို့ အတည်ပြုပါတယ်။

BTS အဖွဲ့ဝင် ၇ ယောက်စလုံး စစ်မှုထမ်းတာဝန် ပြီးဆုံးခဲ့ပြီးနောက် ပထမဆုံးအကြိမ် Live လွှင့်ပြီး သူတို့အဖွဲ့ရဲ့ အစီအစဉ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

BTS အဖွဲ့ဟာ သီချင်းသစ်တွေ စတင်ဖန်တီးဖို့ လာမယ့်လမှာ အမေရိကန်ကို သွားရောက်မယ်လို့ ပြောပါတယ်။

၂၀၂၆ ခုနှစ် နွေရာသီမှာ အယ်လ်ဘမ်အသစ် ထုတ်လုပ်မယ်လို့လည်း BTS က ကြေညာခဲ့ပါတယ်။

အဲဒီ အယ်လ်ဘမ်အသစ်နဲ့အတူ တကမ္ဘာလုံး တိုးခရီးစဉ် ဖျော်ဖြေပွဲတွေ ပြုလုပ်ဖို့လည်း စီစဉ်ထားပြီး ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ပရိသတ်တွေဆီ အလည်အပတ် သွားရောက်မယ်လို့လည်း BTS အဖွဲ့က ပြောပါတယ်။

လာမယ့် ကမ္ဘာ့ဖျော်ဖြေပွဲဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း BTS အဖွဲ့အတွက် ပထမဆုံး ကမ္ဘာလှည့် ဖျော်ဖြေမယ့် အစီအစဉ်ဖြစ်သလို ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း သူတို့အဖွဲ့ရဲ့ ပထမဆုံးအယ်လ်ဘမ် အသစ်လည်း ဖြစ်လာမှာပါ။

၂၀၁၃ ခုနှစ်က စတင်ကျော်ကြားခဲ့တဲ့ BTS အဖွဲ့ရဲ့ အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အအောင်မြင်ဆုံး အချိန်မှာ ၁၈ လကြာ စစ်မှုထမ်းတာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ ဇူလိုင်လကစတင်ပြီး အဖွဲ့ဝင် ၇ ယောက်စလုံး သီချင်းသစ်တွေ ဖန်တီးကြမှာ ဖြစ်ပါတယ်။

BTS အဖွဲ့ဟာ ကမ္ဘာပေါ်မှာ အောင်မြင်မှုအရှိဆုံး K-pop အဖွဲ့ဖြစ်ပြီး ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး ဂီတအဖွဲ့ ဖြစ်လာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013