DVB Logo
Home
အားကစား
ကမ္ဘာ့ဖလားဗိုလ်လုပွဲ အားလပ်ချိန်တွင် ရှာကီရာ၊ မက်ဒေါနားနှင့် ကေပေါ့ပ်အဖွဲ့ BTS တို့ ဖျော်ဖြေမည်
DVB
·
May 15, 2026
Photo: GLOBAL CITIZEN
Photo: GLOBAL CITIZEN
Donate to DVB

ကမ္ဘာတဝန်းက ကလေးတွေအတွက် ပညာရေးနဲ့ပတ်သက်ပြီး ရန်ပုံငွေရဖို့ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲ အားလပ်ချိန်မှာ Halftime show ကို ပြုလုပ်ဖို့ရှိပြီး ဒီရှိုးပွဲမှာ နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ ရှာကီရာ၊ မက်ဒေါနားနဲ့ ကေပေါ့ပ်အဖွဲ့ BTS တို့ ပါဝင်ဖျော်ဖြေမယ်လို့ ဖီဖာက ပြောပါတယ်။

အဲဒီရှိုးကို ဇူလိုင် ၁၉ ရက်နေ့ ကျင်းပမဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပထမပိုင်းပြီးတဲ့အချိန် ပြုလုပ်မှာဖြစ်ပြီး ဒီရှိုးပွဲဟာ ဂီတနဲ့ ဘောလုံးကို ဖော်ပြနိုင်တဲ့ ကမ္ဘာ့စင်မြင့်မှာ အကြီးဆုံး ဖြစ်လာမယ်လို့  ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုက ပြောပါတယ်။

ဒီရှိုးပွဲကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးရန်ပုံငွေတွေကို မြှင့်တင်ပေးပါလိမ့်မယ်လို့လည်း ဆိုပါတယ်။

Halftime show လုပ်မယ်လို့ အသိပေးတဲ့ ပွဲကို အဆိုတော် ရှာကီရာနဲ့ ဘရာဇီးကစားသမားဟောင်း ကာကာတို့လည်း တက်ရောက်ခဲ့ပါတယ်။

ကမ္ဘာပေါ်က ကလေးငယ်တိုင်းရဲ့ ပညာရေးမြင့်မားစေဖို့ ပြုလုပ်တဲ့ပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ကာကာက ပြောပါတယ်။

ရှာကီယာကလည်း Dai Dai ကမ္ဘာ့ဖလားပြိုင်ပွဲကရတဲ့ အကျိုးအမြတ် ၁၀၀ ရာခိုင်နှုန်းကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“Dai Dai” သီချင်းကို ဖွင့်နေတဲ့အချိန်တိုင်း ဗွီဒီယိုကို ကြည့်နေတိုင်းမှာ ကလေးတွေကို ကူညီမှုတွေ ဖြစ်နေမှာပါ။ ပညာရေးက အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုပါလို့ ရှက်ကီရာက ပြောပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန် ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့မှာ ပြုလုပ်မှာဖြစ်ပြီး Super Bowl ပုံစံ ဘောလုံးပွဲမှာ Halftime show ပြုလုပ်မှုကို ပထမဆုံးအကြိမ် ထည့်သွင်းမှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013