DVB Logo
Home
မြန်မာသတင်း
ပင်လောင်းမြို့နယ်၌ လူငယ်များ စစ်မှုထမ်းရသည့်အပြင် စစ်အသုံးစရိတ်ပါ ပေးနေရ
DVB
·
July 2, 2025
ပင်လောင်းမြို့နယ်၌ လူငယ်များ စစ်မှုထမ်းရသည့်အပြင် စစ်အသုံးစရိတ်ပါ ပေးနေရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်က ဆောင်းပြောင်းကျေးရွာမှာ စစ်ဘေးရှောင် ပြည်သူတွေ ပြန်လည်နေထိုင်နေကြပေမဲ့ လူငယ်တွေ စစ်မှုထမ်းရသလို စစ်မှုထမ်းအသုံးစရိတ်အတွက်လည်း ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော ဆောင်းပြောင်းကျေးရွာမှာ စစ်ပွဲတွေ ငြိမ်သွားပြီးနောက် စစ်ဘေးရှောင်နေကြတဲ့ ပြည်သူအများစုက နေရပ်ပြန် နေထိုင်နေကြတာပါ။

နေရပ်ပြန်နေထိုင်နေပေမဲ့ လူငယ်လူရွယ်တွေက စစ်ကောင်စီလက်အောက်ခံ PNO ပအို့ဝ်းပြည်သူ့စစ်အဖွဲ့ထံမှာ  စစ်မှုထမ်းရပြီး စစ်မှုထမ်းတွေရဲ့ အသုံးစရိတ်အတွက်လည်း တအိမ်ကို ငွေကျပ် ၈၅၀,၀၀၀ ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “အကုန်လုံးနီးပါးတော့ ပြန်နေနေကြပါပြီ။ လူဦးရေ အသေးစိတ်တော့ မသိဘူးရယ်။ တချို့လူငယ်တွေဆို PNO စစ်သားစုဆောင်းရေးထဲလည်း ဝင်ရသေးတယ်။ ပိုက်ဆံလည်း စစ်ထဲဝင်တဲ့စရိတ်ဆိုပြီး စစဝင်ဝင်ချင်း ကျပ် ၈ သိန်းခွဲ ပေးနေကြရတယ်။ အိမ်တိုင်းလိုလိုပဲ။ တချို့ကတော့ စစ်ထဲမဝင်လည်း ရွာကို ကင်းစောင့်တာတို့ ဘာတို့ လုပ်ရပါတယ်” လို့ ပြောပါတယ်။

ဆောင်းပြောင်းမှာ မေ ၁၇ ရက်ကစပြီး စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဇွန်လ ပထမအပတ်ကစလို့ ဒေသခံတွေ စစ်ရှောင်​နေကြရင်းကနေ နေရပ်ပြန် နေထိုင်ကြပါတယ်။

နေရပ်ပြန်ကြပေမဲ့ နေအိမ်မီးလောင်ပျက်စီးသွားသူတွေက တဲအိမ်နဲ့ နေထိုင်နေကြရပြီး စီးပွားရေး လုပ်ကိုင်စားသောက်ဖို့လည်း အဆင်မပြေဘူးလို့ ပြောပါတယ်။

စစ်မှုထမ်းနေရသူတယောက်ရဲ့ မိသားစုဝင်က “စီးပွားရေးက ဘယ်လုပ်လို့ရပါ့မလဲ။ အိမ်နားပဲ သီးပင်စားပင်လေးတွေ စိုက်စား၊ ရှိတာနဲ့ပဲ အဆင်ပြေအောင် နေကြရတာပါပဲ။ မိသားစုဝင်တယောက် ပါသွားတယ်။ ရွာက စစ်သားစုဆောင်းရေး ခေါင်းဆောင်ဆိုသူက ပိုက်ဆံတချို့ကို အရင်စိုက်ပေးထားတယ်။ ၃ သိန်းတော့ အရင်ပေးထားတယ်။ စိုက်လည်း ခဏပဲလေ။ အခု ကျန်တာကို ထပ်တောင်းနေပြန်ပြီ။ လုံးဝမတရားဘူး၊ စစ်ထဲလည်း ဝင်ပေးရသေးတယ်၊ ပိုက်ဆံလည်း ပေးရသေးတယ်ဆိုတာ မဖြစ်သင့်ဘူးလေနော်။ စိတ်ပျက်လှပြီ” လို့ ပြောပါတယ်။

စစ်အသုံးစရိတ်အတွက် စစ်သားစုဆောင်းရေးခေါင်းဆောင်က ခဏစိုက်ပေးတယ် ဆိုပေမဲ့ ဆက်တိုက် ပြန်ပြန်တောင်းနေတဲ့အပြင် စီးပွားရေး လုပ်ကိုင်စားသောက်ဖို့လည်း အဆင်မပြေဘူးလို့ ပြောပါတယ်။

ဆောင်းပြောင်းမှာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရချိန် ပစ္စည်းတွေ အခိုးခံရတဲ့အပြင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းက ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေကြောင့် နေအိမ်များစွာ ပျက်စီးရပြီး ပြည်သူတွေလည်း စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013