DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း နုတ်ထွက်ရန် ဘန်ကောက်တွင် ဆန္ဒပြ 
DVB
·
June 29, 2025
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း နုတ်ထွက်ရန် ဘန်ကောက်တွင် ဆန္ဒပြ 
1 / 5
Donate to DVB

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်ရဲ့ အစိုးရဟာ ကမ္ဘောဒီးယားနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်အရေးနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ဒေါသ မြင့်တက်လာမှုနဲ့ ရင်ဆိုင်နေရချိန်မှာ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဇွန် ၂၈ ရက်က ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ပေးရေး ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ်မှာ ဖွေ့ထိုင်းပါတီ အာဏာရလာပြီးနောက်ပိုင်း အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲလည်းဖြစ်ပြီး ဒီဆန္ဒပြပွဲဟာ ယိုယွင်းနေတဲ့ စီးပွားရေးကို ပြန်လည်ရှင်သန်ဖို့နဲ့ ပြိုကွဲလွယ်တဲ့ အစိုးရညွန့်ပေါင်းအဖွဲ့ကို တစုတစည်းတည်း ထိန်းသိမ်းထားနိုင်ဖို့ ကြိုးပမ်းနေတဲ့ အသက် ၃၈ နှစ်ရှိ ဝန်ကြီးချုပ် ဖဲထောင်းထန်းအပေါ် လာမယ့်လမှာ အယုံအကြည်မရှိ မဲပေးမှုမတိုင်ခင်မှာ ဖိအားတွေ တိုးလာနေပါတယ်။

ဒီဆန္ဒပြပွဲကို United Force of the Land အမည်ရှိ အမျိုးသားရေးလှုပ်ရှားမှု တက်ကြွသူတွေ အများဆုံး ပါဝင်တဲ့ ညွန့်ပေါင်းအဖွဲ့က စီစဉ်တာဖြစ်ပြီး ဆန္ဒပြသူတွေဟာ လူစည်ကားတဲ့ လမ်းဆုံရှိ စစ်ပွဲအထိမ်းအမှတ် အောင်ပွဲရ အမှတ်တရနေရာမှာ အလံတွေကို ဝှေ့ယမ်းဆန္ဒပြခဲ့ကြပါတယ်။ 

United Force of the Land အဖွဲ့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ရှင်နာဝပ် ကျောထောက် နောက်ခံပြု အစိုးရတွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ညွန့်ပေါင်းအဖွဲ့လည်းဖြစ်ပါတယ်။

အရင်ဆန္ဒပြပွဲတွေဟာ အစိုးရတွေ ပြုတ်ကျသွားတဲ့ တိုက်ရိုက်အကြောင်းအရင်း မဖြစ်ခဲ့ပေမဲ့ ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တို့မှာ တရားစီရင်ရေးဆိုင်ရာ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ စစ်တပ်အာဏာသိမ်းမှုတို့ကို ဖြစ်ပေါ်စေတဲ့ ဖိအားတွေ ဖြစ်လာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013