DVB Logo
Home
အားကစား
အမ်ဘူမိုအတွက် မန်ယူ ဒုတိယအကြိမ်ကမ်းလှမ်းချက် ဘရန့်ဖို့ဒ် ထပ်မံပယ်ချ
DVB
·
June 29, 2025
အမ်ဘူမိုအတွက် မန်ယူ ဒုတိယအကြိမ်ကမ်းလှမ်းချက် ဘရန့်ဖို့ဒ် ထပ်မံပယ်ချ
Donate to DVB

အမ်ဘူမိုအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒုတိယအကြိမ်ကမ်းလှမ်းချက်ကို ဘရန့်ဖို့ဒ်အသင်းက ထပ်မံပယ်ချလိုက်ပါတယ်။

မန်ယူအသင်းဟာ ပထမအကြိမ်ကမ်းလှမ်းစဉ်က ပေါင် ၅၅ သန်းနဲ့ အဆင်မပြေတာကြောင့် ဒုတိယအကြိမ်ကမ်းလှမ်းရာမှာ ပေါင် ၆၂ သန်းခွဲ အထိ တိုးမြှင့်ပေးခဲ့ပေမဲ့ ဘရန့်ဖိုဒ်ဘက်က ထပ်မံပယ်ချခဲ့တာပါ။

လက်ရှိအချိန်မှာ ကစားသမား အမ်ဘူမိုကိုယ်တိုင်က မန်ယူအသင်းဆီ ပြောင်းရွှေ့ခွင့်ပြုဖို့ အသင်းထံတောင်းဆိုထားပြီး နည်းပြသောမက်စ်ဖရန်ခ်ရှိရာ စပါးအသင်းကိုဆီလည်း  ပြောင်းရွှေ့မှာမဟုတ်ကြောင်း အသိပေးထားတယ်လို့ The Athletic သတင်းမှာဖော်ပြပါတယ်။

မန်ယူအသင်းဟာ ဇူလိုင် ၇ ရက်မှာစတင်မယ့်အသင်းရဲ့ ရာသီကြိုပြင်ဆင်မှုမှာ အမ်ဘူမိုကို အချိန်မီ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဘရန့်ဖို့ဒ်နဲ့ ထပ်မံဆွေးနွေးသွားရဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013