DVB Logo
Home
အားကစား
ပွဲအနည်းဆုံးဖြင့် သွင်းဂိုး ၃၀၀ ပြည့်မြောက်သည့် ကစားသမားအဖြစ် ဟာလန်း စံချိန်သစ်တင်
DVB
·
June 28, 2025
ပွဲအနည်းဆုံးဖြင့် သွင်းဂိုး ၃၀၀ ပြည့်မြောက်သည့် ကစားသမားအဖြစ် ဟာလန်း စံချိန်သစ်တင်
Donate to DVB

မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းဟာ ပွဲအရေအတွက် အနည်းဆုံးနဲ့ သွင်းဂိုး ၃၀၀ ပြည့်မြောက် ခဲ့တဲ့ ကစားသမားအဖြစ်စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် နော်ဝေတိုက်စစ်မှူးဟာ ဂျူဗင်တပ် ကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှာ တဂိုးသွင်းခဲ့ပြီးနောက် ကစားသမားဘဝတလျှောက် နိုင်ငံနဲ့ ကလပ်အသင်းအတွက် ဂိုး ၃၀၀ ပြည့်မြောက်ခဲ့တာပါ။

ပွဲပေါင် ၃၇၀ နဲ့ ဂိုး ၃၀၀ ပြည့်ခဲ့တာဖြစ်ပြီး သမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ထားတဲ့ စီရော်နယ်ဒို၊ မက်ဆီနဲ့ အမ်ဘာပေတို့ ထက် ဂိုး ပိုသွင်းနိုင်ခဲ့တာပါ။ 

စီရော်နယ်ဒိုက ဂိုး ၃၀၀ ပြည့်မြောက်ဖို့ ပွဲပေါင် ၅၅၄ ပွဲကစားခဲ့ရပြီး မက်ဆီက ၄၁၈ ပွဲ၊ အမ်ဘာပေက ၄၀၉ ပွဲအထိ ကစားပြီးမှ ဂိုး ၃၀၀ ပြည့်မြောက်ခဲ့တာပါ။

အသက် ၂၄ နှစ်ပဲရှိသေးတဲ့ ဟာလန်းဟာ မိုဒီ၊ ဆဲလ်ဘတ်၊ ဒေါ့မွန်၊ မန်စီးတီးနဲ့ နော်ဝေအသင်းတွေအတွက် စုစုပေါင်း ဂိုး ၃၀၀ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013