လီဗာပူးနှင့်ပွဲမတိုင်ခင် ဟာလန်း ဒဏ်ရာရရှိသွားသဖြင့် မန်စီးတီးစိုးရိမ်
DVB
·
October 5, 2026
မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ နော်ဝေအသင်းနဲ့အတူ ပေါ်တူဂီကို ယှဥ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ ဒဏ်ရာရရှိသွားပါတယ်။
ဒီပွဲစဉ်မှာ ပေါ်တူဂီအသင်းက နော်ဝေကို ၂-၁ ဂိုးနဲ့ အနိုင်ရသွားတာဖြစ်ပြီး ပွဲအတွင်းမှာ ဟာလန်းဟာ ဒဏ်ရာကြောင့် ထော့နဲ့ထော့နဲ့နဲ့ ကွင်းပြင်ကို ထွက်ခွာသွားခဲ့ရတာပါ။
လာမဲ့သီတင်းပတ်မှာ လီဗာပူးနဲ့ အရေးကြီးပွဲ ကစားရတော့မဲ့ မန်စီးတီးအတွက်တော့ ဟာလန်းရဲ့ ဒဏ်ရာက စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။
အဓိကတိုက်စစ်မှူးဖြစ်သူရဲ့ ကြံ့ခိုင်မှုအခြေအနေနဲ့ ပတ်သက်ပြီး မန်စီးတီးအသင်းက စောင့်ကြည့်နေရတာ ဖြစ်ပါတယ်။










