
ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ စံချိန်တင်လုပ်ခလစာနဲ့ အတူ ဆော်ဒီ အယ်လ်နာဆာအသင်းနဲ့ ၂ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အယ်လ်နာဆာအသင်း အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပြီး အသင်းနဲ့ အနာဂတ် မရေမရာဖြစ်ခဲ့ပြီးနောက် အသင်းပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ခန့်မှန်း သုံးသပ်ချက်တွေရှိခဲ့ပေမဲ့ အဆုံးသတ်မှာတော့ စာချုပ်သက်တမ်းတိုးဖို့ စီရော်နယ်ဒိုကဆုံးဖြတ်ခဲ့တာပါ။
စာချုပ်သစ်အရ အခြေခံလုပ်ခအဖြစ် ၂ နှစ်စာအတွက် ပေါင် ၄၉၂ သန်းရရှိမှာဖြစ်ပြီး အားကစားသမိုင်းတလျှောက် တန်ဖိုးအကြီးဆုံး စာချုပ် ဖြစ်ခဲ့ပါတယ်။
စီရော်နယ်ဒိုအနေနဲ့ ရက်ကို ပေါင် ၄ သိန်း ကျော်ရရှိမယ်လို့ The Sun သတင်းကဖော်ပြခဲ့ပြီး အသက် ၄၂ နှစ်ကျော်တဲ့အထိ အယ်လ်နာဆာအသင်းမှာ ဆက်ရှိတော့မှာပါ။
စီရော်နယ်ဒိုဟာ လက်မှတ်ထိုးကြေးအဖြစ် ပေါင် ၂၄ သန်းကျော်ရရှိခဲ့သလို ပေါင် ၃၃ သန်း တန်ကြေးရှိ အယ်လ်နာဆာအသင်းရဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကိုလည်း လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ကြောင်း The Sun သတင်းမှာ ဖော်ပြသွားပါတယ်။
Photo: Reuters