DVB Logo
Home
မြန်မာသတင်း
ကော့သောင်းမြို့အနောက်ဘက်ပင်လယ်ပြင်တွင် အင်အား ၅ အဆင့်ရှိ ငလျင်ထပ်လှုပ်
DVB
·
June 28, 2025
ကော့သောင်းမြို့အနောက်ဘက်ပင်လယ်ပြင်တွင် အင်အား ၅ အဆင့်ရှိ ငလျင်ထပ်လှုပ်
Donate to DVB

ကော့သောင်းမြို့ရဲ့ အနောက်တောင်ဘက် ပင်လယ်ပြင်ထဲမှာ ဇွန် ၂၇ ရက် ညပိုင်းက အင်အား ၅ အဆင့်ရှိတဲ့ ငလျင်တခုထပ်လှုပ်တယ်လို့ စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကထုတ်ပြန်ပြီး အဲဒီနေရာမှာ ဆက်တိုက်ဆိုသလို ငလျင်တွေ လှုပ်ခတ်နေတာပါ။

ဇွန် ၂၇ ရက် ည ၉ နာရီ ၂၈ မိနစ်အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းရဲ့ အနောက်တောင်ဘက် ၅၃၈ မိုင်လောက်၊ ကော့သောင်းမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၃၅၀ ဝန်းကျင်၊ မြန်မာနိုင်ငံပြည်ပ အိန္ဒိယနိုင်ငံပိုင် နီကိုဘားကျွန်းနားမှာ အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၅ အဆင့် ငလျင်တခုလှုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၂၅ ရက်နေ့၊ ညနေ ၄ နာရီ ၂၉ မိနစ်ကလည်း အဲဒီနေရာဝန်းကျင်မှာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်တကြိမ်၊ ဇွန်လ၂၄ ရက်နေ့ ညနေ ၄ နာရီ ၄၇ မိနစ်က အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်နဲ့ တကြိမ်၊ ည ၇ နာရီ ၄၂ မိနစ်က အနက် ၁၀ ကီလိုမီတာလောက်ကိုဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၅ အဆင့်ရှိတဲ့ ငလျင်တကြိမ်လှုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013