DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းလွှတ်တော် ဥက္ကဋ္ဌ အိုးဘိုအကျဉ်းထောင်တွင် ကျဆုံး
DVB
·
June 27, 2025
မန္တလေးတိုင်းလွှတ်တော် ဥက္ကဋ္ဌ အိုးဘိုအကျဉ်းထောင်တွင် ကျဆုံး
Donate to DVB

အာဏာသိမ်းစကတည်းက စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချတာ ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား မန္တလေးတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးဟာ ဇွန် ၂၇ ရက် ဒီနေ့မနက်က အိုးဘိုထောင် ဆေးရုံမှာ ကျဆုံးသွားပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

NLD နဲ့ နီးစပ်သူက “မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး အိုးဘိုထောင်ဆေးရုံမှာ ဒီကနေ့ ကျဆုံးသွားပါတယ်။ Dead body အလောင်းကို အိမ်ပြန်သယ်ခွင့် ထောင်က မပေးကြောင်းလည်း သိရပါတယ်။ မနက် ၇ နာရီက မောလာလို့ ဆေးရုံသွားခဲ့ပြီး အခု ဆုံးသွား​ပြီလို့ သိရပါတယ်” လို့ DVB ကို ပြောပါတယ်။

မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကို စစ်ကောင်စီက နိုင်ငံဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)  နဲ့ ထောင်ဒဏ် ၃ နှစ်၊ သဘာဝဘေးပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၅ နှစ် ချခဲ့တာဖြစ်ပြီး ထောင်တွင်းမှာပဲ ကျဆုံးခဲ့ရတာပါ။

ဦးအောင်ကျော်ဦးဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကို ကိုယ်စားပြုပြီး မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရပါတယ်။

အဲဒီနောက် ၂၀၂၀ အထွေထွရွေးကောက်ပွဲမှာလည်း ထပ်မံအနိုင်ရသူ ဖြစ်ပါတယ်။ ဦးအောင်ကျော်ဦးဟာ ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်ရှိပြီဖြစ်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013