
အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ်အသင်းခေါင်းဆောင် ခရစ္စတီယန်နော်ဂတ်ကို ခေါ်ယူဖို့သဘော တူညီမှု ရသွားပါတယ်။
အသက် ၃၁ နှစ်ရှိ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ နော်ဂတ်အတွက် ကနဦး ပေါင် ၁၀ သန်းပေးချေရမှာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ်မူတည်ပြီးနောက်ထပ် ပေါင် ၅ သန်းပေးချေ သွားရမှာဖြစ်တယ်လို့ သိရပါတယ်။
ကွင်းလယ်လူ သောမက်စ်ပါတေးကို စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်ခဲ့တဲ့နောက်မှာ ပါတေးနေရာအတွက် နော်ဂတ်ကိုခေါ်ယူပြီး အင်အားဖြည့်တင်းခဲ့တာပါ။
နော်ဂတ်ဟာ ၂၀၁၉ ခုနှစ်ကတည်းက ဖီအိုရင်တီးနားကနေ ဘရန့်ဖို့ဒ်ဆီပြောင်းရွှေ့လာသူဖြစ်ပြီး ခေါင်းဆောင်မှုစွမ်းရည်ရှိတဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံရှိကစားသမားအဖြစ် သတ်မှတ်ခံထား ရပါတယ်။
အာဆင်နယ်ဟာ ဆိုစီဒက်က စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီကိုလည်း ခေါ်ယူနိုင်ခဲ့ပြီး ချဲလ်ဆီးဂိုးသမား ကယ်ပါကိုလည်း ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပါတယ်။
Photo: Reuters