
ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီ လိုက်တယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာမှာ ဆုဖလားအောင်မြင်မှုမရသေးတာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီး အသင်းကနေ ထွက်ခွါဖို့ သတင်းထွက်ခဲ့ပါသေးတယ်။
လက်ရှိ အချိန်မှာတော့ အသင်းကနေ ထွက်ခွါမယ့်အစီအစဉ်ကို ပြန်လည်စဉ်းစားသုံးသပ်ပြီးနောက် စာချုပ် သက်တမ်းတိုးဖို့ လက်ခံသဘောတူလိုက်တာဖြစ်ပါတယ်။
အသက် ၄၀ နှစ်ရှိ ရော်နယ်ဒိုဟာ စာချုပ်သစ်အရ တနှစ်ကို ပေါင် ၁၆၇ သန်းအထိရရှိမှာဖြစ်ပြီး ဆော်ဒီလိဂ်မှာဆက်ရှိမှာဖြစ်ကြောင်း ပြင်သစ်သတင်းစာ Foot Mercato ကဖော်ပြပါတယ်။ စီရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့ ၁၀၅ ပွဲမှာ ၉၃ ဂိုးသွင်းယူထားပြီး ၂ ရာသီဆက်တိုက် ဂိုးသွင်းအများဆုံးကစားသမားဆု ရရှိထားပါတယ်။
Photo: Reuters