
အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဖိုရမ် ဒုတိယနေ့မှာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနဲ့ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ နိုင်ငံတကာက ကူညီဆောင်ရွက်နိုင်ရေးဆိုတဲ့ အချက် ၂ ချက်ကို အဖွဲ့ ၂ ဖွဲ့ ခွဲပြီး ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီအစည်းအဝေးကို တက်ရောက်နေသူ တချို့ထံကနေ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းပိုင်းတွေရဲ့ ထုတ်ပြန်ဖို့ လိုအပ်နေသေးတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေအပြင် လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲ မဲဆန္ဒနယ်တွေရဲ့ စိန်ခေါ်ချက်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ငြိမ်းချမ်းရေးဖိုရမ်ကို ဇွန် ၂၅ ရက်ကနေ ၂၇ ရက်အထိ ကျင်းပနေတာဖြစ်ပြီး အဲဒီဖိုရမ်ကို တရုတ်အထူးကိုယ်စားလှယ် အပါအဝင် နိုင်ငံတကာက တတ်သိပညာရှင်တချို့လည်း တက်ရောက်ခဲ့ကြပါတယ်။