DVB Logo
Home
မြန်မာသတင်း
မိုင်းပန်တွင် Happy Water သောက်ပြီး မိန်းကလေးငယ် ၁ ဦး သေဆုံး၊ ၃ ဦးဆေးရုံတက်
DVB
·
June 26, 2025
မိုင်းပန်တွင် Happy Water သောက်ပြီး မိန်းကလေးငယ် ၁ ဦး သေဆုံး၊ ၃ ဦးဆေးရုံတက်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ် လွိုင်နွဲ့ကျေးရွာအနီး KTV မှာ Happy Water သောက်ပြီး မိန်းကလေးငယ်တယောက် သေဆုံးကာ ၃ ယောက် ဆေးရုံတက်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂၁ ရက် ညမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူမှာ လွိုင်နွဲ့ရွာနေ အသက် ၁၆ နှစ်အရွယ် နန်းဟျိုးငင်ဖြစ်ပါတယ်။

သေဆုံးသူနဲ့ နီးစပ်သူတယောက်က “သူတို့အဖွဲ့က အကုန် ၈ ယောက် သောက်တာ၊ ၃ ယောက်ကတော့ ဆေးရုံတင်ရတယ်၊ တယောက်တော့ ပွဲချင်းပဲ ဆုံးသွားတယ်။ အကုန်လုံးက လွိုင်နွဲ့ရွာသူတွေ ဖြစ်တယ်။ သေဆုံးသွားတဲ့တယောက်က Happy Water ကို ၅ ခွက် သောက်တာ သူ အများဆုံးပဲသောက်တာ အပျော်လွန်တော့ ခုလိုဖြစ်သွားတယ်။ ဆေးရုံတက်တဲ့သူရော ဆုံးတဲ့သူရော ၁၆ နှစ်အရွယ်တွေပဲ။ သူတို့က အရက်တွေ အရင်သောက်တယ်၊ ပြီးမှ Happy Water သောက်တာ၊ မျိုးစုံရောသွားလို့ ရှော့ဖြစ်သွားတာ” လို့ ပြောပါတယ်။

သေဆုံးသူ နန်းဟျိုးငင်ကို ဇွန် ၂၂ ရက်မှာ သင်္ဂြိုဟ်ခဲ့ပြီး ဆေးရုံတက်ရတဲ့ ၃ ယောက်တော့  သက်သာလို့   ဆေးရုံကနေ ဆင်းသွားပြီ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလကလည်း တာချီလိတ်မြို့ နတ်မောက်ရွှေသူဌေးကုန်းကျောင်းတိုက်မှ ဆရာတော်တပါးနဲ့ ဒါယကာ ၄ ယောက်တို့ Happy Water ကို ကော်ဖီထင်မှတ်ပြီး ဖျော်သောက်မိရာက သတိလစ်မေ့မြောပြီး ဆေးရုံတက်ခဲ့ရပါတယ်။

Happy Water ကို ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးအသစ်တမျိုးအဖြစ် သတ်မှတ် တင်းကျပ် စောင့်ကြည့်နေပြီး ရှမ်းပြည်နယ် တာချီလိတ်၊ ကျိုင်းတုံ၊ တောင်ကြီး၊ ရပ်စောက်၊ နမ့်စန်မြို့တို့ရှိ KTV နဲ့ ကလပ်တွေမှာ တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013