
ယီမင်နိုင်ငံထဲက ဟူသီစစ်အုပ်စုက စေတနာ့ဝန်ထမ်း စစ်သည် ၈၂,၀၀၀ နီးပါးအတွက် စစ်ရေးလေ့ကျင့်မှု ပထမအဆင့်ကို ပြီးမြောက်ခဲ့ပြီး အစ္စရေးကို စစ်ဆင်ရေးမှာ ပါနိုင်စေဖို့ ပြင်ဆင်နေပါတယ်။
မြို့တော် ဆာနားက ဟူသီအုပ်ချုပ်ရေးအဖွဲ့ရဲ့ တရားဝင် ပြောရေးဆိုခွင့်ရှိသူ ဖေးယက်ဇ်အယ်လ် ဟာနာမီက ဒီစေတနာ့ဝန်ထမ်းတွေဟာ အယ်လ်အက်ဆာ မုန်တိုင်းလို့ နာမည်ပေးထားတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် လေ့ကျင့်ရေး ကနဦး အဆင့်ကို ပြီးဆုံးခဲ့တယ်လို့ အီရန်မီဒီယာကို ပြောပါတယ်။
မြို့တော်တခုတည်းမှာတင် နောက်ထပ် တိုက်ခိုက်ရေးသမား အယောက်တသိန်းအထိ စုဆောင်းဖို့ အစီအစဉ်နဲ့ ဒုတိယအဆင့်ကို စတင်နေပြီလို့လည်း သူက အတည်ပြုခဲ့ပါတယ်။
အလားတူ လေ့ကျင့်ရေး အစီအစဉ်တွေကို စာဒါး၊ အမ်ရန်၊ ဟက်ဂျာနဲ့ ဂျော့ဖ်မြို့တွေ အပါအဝင် ဟူသီထိန်းချုပ်ထားတဲ့ တခြားဒေသတွေမှာလည်း ဆောင်ရွက်နေပါတယ်။
အီရန်နဲ့ သူ့ရဲ့ ဒေသတွင်း မဟာမိတ်တွေဆီက စစ်ရေး တင်းမာမှုတွေ တိုးမြင့်လာလို့ အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ခုလို ဟူသီတွေက စစ်သည်စုဆောင်းလာတာ ဖြစ်ပါတယ်။
Source: Reuters