
ရာဇဝတ်သား လွှဲပြောင်းပေးရေး အမေရိကန်ပြည်ထောင်စုဆီက တောင်းဆိုချက်အရ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စွဲချက်နဲ့ ကော့စတာရီကာ လုံခြုံရေးဝန်ကြီးဟောင်းနဲ့ တရားသူကြီးဟောင်း တယောက်ကို ဇွန် ၂၃ ရက်မှာ ဖမ်းဆီးထားတယ်လို့ ကော့စတာရီကာ တရားရေးရဲတပ်ဖွဲ့က ပြောပါတယ်။
လုံခြုံရေးဝန်ကြီးနဲ့ တရားသူကြီးဟောင်း ဆယ်လ်စိုဂမ်ဘိုအာ စန်ချက်ဇ်ကို စန်ဟိုဆေးမြို့မှာ ဖမ်းဆီးခဲ့ပြီး သူ့တွဲဖက်ဖြစ်သူ အဒ်ဝင်လိုပဲ့ဇ် ဗေဂါကို ကော့စတာရီကာတောင်ပိုင်း ကာရစ်ဘီယံ ဒေသမှာ ဖမ်းမိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဒီအမှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းအားလုံးကို ပေးပို့ဖို့ ရက်ပေါင်း ၃၀ အချိန်ရှိပြီး ကော့စတာရီကန်တရားသူကြီးက ကော့စတာရီကာဥပဒေ စည်းမျဉ်း တွေကို အခြေခံပြီး လွှဲပြောင်းပေးဖို့ သင့်လျော်မှု ရှိ၊မရှိ အကဲဖြတ်မယ် လို့ တရားရေးရဲတပ်ဖွဲ့ ဒါရိုက်တာ ရန်းဒေါ ဇူနီဂါက ပြောပါတယ်။
သင့်လျော်တယ်လို့ မြင်ရင် အယူခံဝင်ဖို့နဲ့ ဥပဒေရေးရာအရ အဆိုပြုဖို့ အခွင့်အရေးတိုင်းရှိမယ်၊ တရားခံလွှဲပြောင်းရေး လုပ်ငန်းစဉ်ဟာ လေးလအထိ အချိန်ယူရနိုင်တယ်လို့ သူက ပြောပါတယ်။
Source:Reuters