
အလ်ဆာလ်ဗေဒေါ အာဏာပိုင်တွေဟာ ဇွန်လရဲ့ ပထမရက်တွေအတွင်း ကမ်းလွန်ပင်လယ်ပြင်မှာ အမေရိကန် ဒေါ်လာ ၁၅၇ သန်း တန်ဖိုးရှိတဲ့ ကိုကင်း ၆ ဒသမ ၃ မက်ထရစ်တန် သိမ်းဆည်း ရမိမှုကို ဇွန် ၂၃ ရက်မှာ ပြသခဲ့ပါတယ်။
အာဏာပိုင်တွေဟာ ဇွန် ၂ ရက်မှ ၁၀ ရက်အကြား ဒီမစ်ရှင်ကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး အလ်ဆာလ်ဗေဒေါ ကမ်းရိုးတန်းမှ ရေမိုင် ၁၀၀၀ နီးပါးအကွာလောက်မှာ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာတဲ့ သင်္ဘော ၅ စင်းကို ကြားဖြတ်ဟန့်တားခဲ့တာမှာ မူးယစ်ဆေးဝါး မှောင်ခိုကူးသူ လို့ သံသယရှိသူ ဂွာတီမာလန်၊ မက္ကဆီကန်၊ ကိုလံဘီယာနဲ့ အီကွေဒေါနိုင်ငံသား ၁၇ ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်းအစိုးရက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆာလ်ဗေဒိုရန် တရားမျှတမှုနဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီး ဂူစတာဗို ဗီယာတိုရိုက “ဒါက အလွန်ရှုပ်ထွေးတဲ့ စစ်ဆင်ရေးဖြစ်ပြီး ဗဟိုအမေရိကရှိ အလ်ဆာလ်ဗေဒေါ နိုင်ငံငယ်လေးရဲ့ ထရိုင်းဒန့်ထ် အမျိုးသားရေတပ်က အထူးဆောင်ရွက်ခဲ့တာပါ”လို့ ပြောပါတယ်။
အမျိုးသားကာကွယ်ရေးဝန်ကြီး ရေနေးဖရန်စစ်မယ်ရီနိုက မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို တိုက်ဖျက်နေတဲ့ ဗဟိုအမေရိကနိုင်ငံရဲ့ အားထုတ်မှုတွေကို သူ့ရဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းနေတဲ့ နိုင်ငံတကာ အသိအမှတ်ပြု မူဝါဒနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။
ရေနေးဖရန်စစ်မယ်ရီနိုက “ဒါက မတူညီတဲ့ ကဏ္ဍတွေမှာ နယ်မြေထိန်းချုပ်ရေး အစီအစဉ်ရဲ့ ထိရောက်မှုကို ထင်ဟပ်နေပြီး စစ်ဆင်ရေးလမ်းကြောင်း တခု ဖြစ်တဲ့ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု တိုက်ဖျက်ရေးက နိုင်ငံတကာအဆင့်မှာ အောင်မြင်မှုရရှိခဲ့ပြီး ရာဇ၀တ်ဂိုဏ်းတွေနဲ့ လမ်းသရဲအုပ်စုတွေကို နှိမ်နင်းရာမှာ အောင်မြင်ခဲ့သလို၊ နိုင်ငံတကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးမှာလည်း အောင်မြင်ခဲ့ပါတယ်”လို့ ပြောသွားပါတယ်။
ဂိုဏ်းတွေကို နှိမ်နင်းဖို့ ၃ နှစ်ကြာ အရေးပေါ်အခြေအနေ ကြေညာထားခဲ့တဲ့ အလ်ဆာလ်ဗေဒေါ အစိုးရဟာ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တဲ့ ပစိဖိတ်ပင်လယ်ပြင်မှာ အမျိုးမျိုးသော ရေကြောင်းစစ်ဆင်ရေးတွေကို လုပ်ဆောင်ခဲ့ပြီး အဲဒီကြိုးပမ်းမှုတွေကို နိုင်ငံတွင်းရှိ အမေရိကန်သံရုံးက ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။
Source:Reuters