Home
အားကစား
ဝါရင့်ကွင်းလယ်လူ ကာဇိုလာ ခြေစွမ်းပြပြီး အိုဗီယယ်ဒိုအသင်း လာလီဂါဆီ တန်းတက်ခွင့်ရ
DVB
·
June 23, 2025
Photo: REUTERS/Ibraheem Al Omari

ဝါရင့်ကွင်းလယ်လူ ကာဇိုလာ ခြေစွမ်းပြမှုနဲ့အတူ အိုဗီယက်ဒိုအသင်းက နှစ်ပေါင်း ၂၄ နှစ်အတွင်း  ပထမဆုံးအကြိမ်အဖြစ် လာလီဂါဆီ တန်းပြန်တက်ခွင့် ရရှိသွားပါတယ်။

စပိန်လိဂ် ၂ မှာ အဆင့် ၃ ရရှိခဲ့တဲ့ အိုဗီယယ်ဒိုအသင်းဟာ ပလေးအော့ဖ် ဆီမီးဖိုင်နယ်မှာ အယ်လ်မာရီယာကို အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲမှာလည်း မီရန်ဒက်စ်ကို နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးရလဒ်နဲ့ အနိုင်ရပြီး လာလီဂါဆီ တန်းတက်ခွင့်ရခဲ့တာပါ။

ပလေးအော့ဖ်ဗိုလ်လုပွဲ ပထမအကျော့မှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့ အိမ်ကွင်းမှာ  အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အဲဒီပွဲစဉ်မှာ အသက် ၄၀ ရှိပြီဖြစ်တဲ့ ကာဇိုလာက ပင်နယ်တီကနေ တဆင့် ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး ပွဲရဲ့ အကောင်းဆုံးကစားသမား ဖြစ်ခဲ့တာပါ။

အာဆင်နယ်ကစားသမားဟောင်းဟာ ၂၀၂၃ ခုနှစ်က မွေးရပ်မြေကလပ် အိုဗီယယ်ဒိုကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ၂ နှစ်အကြာမှာ လာလီဂါဆီ တန်းပြန်တက်နိုင်အောင် ကူညီနိုင်ခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024