
ဘာစီလိုနာကြယ်ပွင့် လာမိန်းယာမဲလ်နဲ့အတူ တွဲဖက်ကစားချင်ကြောင်း မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောသွားပါတယ်။
ဘာစီလိုနာနဲ့ အပြောင်းအရွှေ့သတင်း ထွက်ပေါ်နေချိန်မှာ ယာမဲလ်နဲ့ တွဲဖက်ကစားရမှာကို နှစ်သက်သဘောကျကြောင်း ရက်ရှ်ဖို့ဒ်က ပြောသွားတာပါ။
စပိန် Youtube ၂ ယောက်နဲ့ အင်တာဗျူးမှာ ရက်ရှ်ဖို့ဒ်က အတိအလင်း ပြောသွားတာဖြစ်ပြီး ဘယ်သူမဆို အကောင်းဆုံးကစားသမားတယောက်နဲ့ တွဲဖက်ကစားချင်မှာဖြစ်ကြောင်း၊ စပိန်နိုင်ငံဟာလည်း နေထိုင်ဖို့ ကောင်းမွန်တဲ့နေရာဖြစ်ကြောင်း ရက်ရှ်ဖို့ဒ်က ပြောပါတယ်။
ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကိုကလည်း ရက်ရှ်ဖို့ဒ်အပေါ် ချီးကျူးခဲ့ပြီး လီဗာပူးတောင်ပံကစားသမား ဒီယက်ဇ်ကို ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။