နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ၊ တိုကျို့မြို့က Ikebukoro Globe Ring Theatre မှာ ဇွန် ၂၂ ရက် ဒီနေ့ ကျင်းပပါတယ်။
အခမ်းအနားမှာ မွေးနေ့ဆုတောင်းတာနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆုတောင်းခဲ့သလို စတုဒိသာ ကျွေးမွေးတာ၊ အခမဲ့ကျန်းမာရေး ဆေးစစ်ပေးတာအပြင် မြန်မာ့ယဉ်ကျေးမှုအကတွေ၊ တော်လှန်ရေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထ္ထုပ္ပတ္တိကို ဟောပြော ပြသတာ၊ ကဗျာရွတ်တာတွေလည်း လုပ်ခဲ့သလို မြန်မာ့ရိုးရာအစားအစာ ရန်ပုံငွေဈေးရောင်းပွဲလည်း ပါဝင်ပြီး ရရှိတဲ့ အကျိုးအမြတ် အားလုံးကို နွေဦးတော်လှန်ရေးအတွက် သက်ဆိုင်ရာအသီးသီးကို ပေးပို့သွားမယ်လို့လည်း ပွဲစီစဉ်သူတွေက ပြောပါတယ်။