
လီဗာပူးအသင်းနဲ့အတူ ဆုဖလားအားလုံး ရယူသွားချင်ကြောင်း ကွင်းလယ်ကစားသမားသစ် ဖလော်ရီယန်ဗက်ဇ်က ပြောသွားပါတယ်။
အသက် ၂၂ နှစ်ရှိ ဂျာမနီလက်ရွေးစင်ကစားသမားဟာ လီဗာကူဆင်ကနေ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၁၆ သန်းနဲ့ လီဗာပူးဆီ ပြောင်းရွှေ့လာခဲ့တာပါ။ ဇွန် ၂၀ ရက်က အသင်းနဲ့ တရားဝင်မိတ်ဆက်ခဲ့ပြီး ပထမဆုံးအင်တာဗျူး အစီအစဉ်မှာ ဆုဖလားအားလုံး ရယူသွားချင်ကြောင်း ဗက်ဇ်က ထုတ်ပြောခဲ့တာပါ။
အသင်းဘက်ကရော မိမိဘက်ကပါ ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်ပြီး နှစ်တိုင်းမှာ ဆုဖလားအားလုံး ရယူသွားချင်ကြောင်း၊ ပရီးမီးယားလိဂ်ဖလား ထပ်မံရယူပေးချင်သလို ချန်ပီယံလိဂ်ဆုဖလားလည်း ရယူသွားချင်ကြောင်း ဗက်ဇ်ကပြောပါတယ်။
လီဗာပူးအသင်းဟာ လော်ရီယန်ဗက်ဇ်နဲ့ လီဗာကူဆင်မှာ တသင်းတည်း ကစားခဲ့တဲ့ နောက်ခံလူ ဖရင်ပေါင်ကိုလည်း ပေါင်သန်း ၃၀ နီးပါးနဲ့ခေါ်ယူထားပါတယ်။