
မန်ယူအသင်းဟာ တောင်ပံတိုက်စစ်ကစားသမား ၄ ယောက်ကို အသင်းရဲ့ ရာသီကြို ခြေစမ်းခရီးစဉ်မှာ ခေါ်ဆောင်ခြင်းမပြုဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် လာမယ့် ဇူလိုင် ၁၉ ရက်က စတင်ပြီး လိဒ်ယူနိုက်တက်၊ ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန်အသင်းတွေနဲ့ အမေရိကန်နိုင်ငံမှာ ခြေစမ်းကစားသွားမှာပါ။
အဲဒီခရီးစဉ်မှာ အငှားချထားပြီး အသင်းဆီ ပြန်လာမယ့် ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ အန်တိုနီတိုကို ခေါ်ဆောင်သွားမှာ မဟုတ်သလို နောက်ထပ် တောင်ပံတိုက်စစ်ကစားသမား ဂါနာချိုကိုလည်း ချန်လှပ်သွားမယ်လို့ သတင်း ထွက်ပေါ်လာတာပါ။
နည်းပြ အာမိုရင်ဟာ အသင်းအတွက် ပေးဆပ်ကစားမယ့် ကစားသမားတွေကိုသာ အလိုရှိပြီး ဂါနာချို အပါအဝင် မနှစ်က အငှားချခဲ့တဲ့ ကစားသမား ၃ ယောက်ကို ရောင်းချဖို့ ဆုံးဖြတ်ထားတာလို့ သိရပါတယ်။