DVB Logo
Home
မြန်မာသတင်း
မဲမသမာမှုမဖြစ်အောင် အီလက်ထရောနစ်မဲပေးစက်အသုံးပြု ဟု UEC ဥက္ကဋ္ဌ ပြော
DVB
·
June 21, 2025
မဲမသမာမှုမဖြစ်အောင် အီလက်ထရောနစ်မဲပေးစက်အသုံးပြု ဟု UEC ဥက္ကဋ္ဌ ပြော
Donate to DVB

လာမယ့်ရွေးကောက်ပွဲမှာ မဲမသမာတာတွေမဖြစ်အောင် အီလက်ထရောနစ်မဲပေးစက်ကို သုံးရတာလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီးကိုကိုက ပြောပါတယ်။

နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမမှာ ဇွန် ၂၀ ရက် မနက်ကလုပ်တဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲမှာလိုအပ်နေတဲ့ မဲပေးစက်တွေကို ထုတ်လုပ်နေပြီး မကြာခင် ပြည်နယ်နဲ့တိုင်းအလိုက် ခွဲပေးသွားမှာဖြစ်သလို မဲပေးစက်သုံးရတာဟာ မဲပေးရာမှာ မှန်ကန်လွယ်ကူစေဖို့နဲ့ မဲမသမာတာတွေ မဖြစ်ပွားစေဖို့အတွက်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ UEC ဒု ဥက္ကဋ္ဌ ဦးသန်းစိုးက ‘ရွေးကောက်ပွဲမှာ အပိုင်းလိုက် ကျင်းပမှာဖြစ်သည့်အတွက် မဲပေးစက်ကိုင်တွယ်မည့် မဲရုံဝန်ထမ်းများကို အခုကတည်းက ရွေးချယ် သင်တန်းပေးထားရန်နဲ့ မြို့နယ်အလိုက်ရရှိလာတဲ့ မဲပေးစက်များကို သယ်ဆောင်ရာမှာ လုံခြုံရေးအတွက် ကြိုပြင်ထားဖို့’လည်း ပြောခဲ့ပါတယ်။

စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၄ ကို ဇွန် ၁၉ ရက်က ပြင်ဆင်လိုက်ပြီး နိုင်ငံဝန်ထမ်းတွေကို ကော်မရှင်ဥက္ကဋ္ဌနေရာရစေနိုင်တာကြောင့် လာမယ့်ရွေးကောက်ပွဲဟာ စစ်ကောင်စီအလိုက်ရွေးကောက်ပွဲဖြစ်ဖို့ အားသာချက်တွေလို့ တရားလွှတ်တော်ရှေ့နေတယောက်က DVB ကို ပြောပါတယ်။

“ဥပဒေမှာပါတာက အများကြည်ညိုလေးစားခံရတဲ့ပုဂ္ဂိုလ် ၃ ဦး၊ ပြောရရင် ရပ်မိရပ်ဖ ၃ ဦးကို ဥက္ကဋ္ဌ ပေးရမယ်။ အခု စစ်တပ်ပြင်လိုက်တာ နိုင်ငံဝန်ထမ်းကို ဥက္ကဋ္ဌအဖြစ်ထားဖို့ ရပ်ကွက်ကစပြီး ပြည်ထောင်စုအဆင့်အထိ စစ်တပ်က သူ့လူသူထားချင်လို့ ပြင်လိုက်တာ။ အခုရွေးကောက်ပွဲက မင်းအောင်လှိုင်က သူ့စိတ်ကြိုက်လုပ်မှာ” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်ပြုလုပ်မယ့်ရွေးကောက်ပွဲကို တာဝန်ယူရတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးကိုကိုဟာ အီလက်ထရောနစ်မဲပေးစနစ်နဲ့ပတ်သက်လို့ တိုင်းစစ်ဌာနချုပ်တွေမှာ လိုက်လံသရုပ်ပြနေပါတယ်။

ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် ၄၉ ပါတီထဲက ၉ ပါတီက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မှာဖြစ်ပြီး ကျန်တဲ့ပါတီ ၄၀ ကတော့ ပြည်နယ်နဲ့ တိုင်းတွေမှာ ဝင်ပြိုင်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013