DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်ခွာသူများအတွက် နယ်စပ်ဖြတ်ကျော် ကူညီခွင့်ရရန် တောင်းဆို
DVB
·
June 20, 2025
နေရပ်စွန့်ခွာသူများအတွက် နယ်စပ်ဖြတ်ကျော် ကူညီခွင့်ရရန် တောင်းဆို
Donate to DVB

နေရပ်စွန့်ခွာ ပြည်သူတွေအတွက် ဒေသခံတွေဦးဆောင်တဲ့ နယ်စပ်ဖြတ်ကျော် အကူအညီတွေ ရရှိဖို့ ဇွန် ၂၀ ရက် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ အရပ်ဘက်အဖွဲ့ ၁၂၂ ဖွဲ့က ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ နေရပ်စွန့်ခွာ ပြည်သူတွေကို ရှေ့တန်းမှာ လှုပ်ရှားနေကြတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသူတွေကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းတွေကို အသုံးပြုခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ နေရပ်စွန့်ခွာသူတွေကို အတင်းအကျပ် နေရပ်ပြန်မပို့ရေး မူဝါဒကို လေးစားလိုက်နာကာ တရားလက်လွတ် ဖမ်းဆီးတာ၊ အတင်းအကျပ် ပြန်ပို့တာနဲ့ ပြည်နှင်ဒဏ်ပေးတာတွေကို ရပ်တန့်ဖို့နဲ့ မြန်မာပြည်သူတွေကို ဥပဒေအရ အကာအကွယ်ပေးဖို့ ပါရှိပါတယ်။

စစ်ကောင်စီဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ IDP စခန်းတွေ၊ စာသင်ကျောင်း၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံ၊ သာသနိကနယ်မြေတွေကို ပစ်မှတ်ထားကာ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာာသိမ်းချိန်ကစလို့ လက်ရှိအချိန်အထိ ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၂ ဒသမ ၈ သန်းကျော် ရှိလာပြီဖြစ်တဲ့အတွက် နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့အတွက် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013