
ပီရူးနိုင်ငံ ပူအန်တီပီဒရာမှာ ဂက်စ်ပိုက်လိုင်းသွယ်တန်းဖို့ တူးဖော်ရင်း အနှစ် ၁,၀၀၀ သက်တမ်းရှိတဲ့ အမျိုးသမီးတယောက်ရဲ့ မမ်မီရုပ်အလောင်းတခု တူးဖော်ရမိတယ်လို့ ပီရူးဂက်စ်ကုမ္ပဏီ ကာလစ်ဒါက ထုတ်ပြန်ပါတယ်။
အခုလို တွေ့ရှိခဲ့အပြီးမှာ ပိုက်လိုင်းတပ်ဆင်တဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းထားပြီးတော့ ပညာရှင်တွေကို တူးဖော်ရှာဖွေခွင့် ပြုထားတယ်လို့ ဆိုပါတယ်။
ဒီအမျိုးသမီးဟာ အသက် ၂၀ ကနေ ၂၅ နှစ်အရွယ်ဖြစ်ပြီး ချန်ကေးယဉ်ကျေးမှုနဲ့ ဆက်စပ်နေပြီး အနှစ် ၉၀၀ နဲ့ ၁,၀၀၀ ကြားဖြစ်တယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်တယောက်က ခန့်မှန်းထားပါတယ်။
အိုးတွေနဲ့ ဂဏန်းလို အခွံမာ ရေသတ္တဝါအစိတ်အပိုင်း အကျွင်းအကျန်တွေပါ တွေ့ရတာကြောင့် စားသောက်မှုပုံစံကိုပါ ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။
ချန်ကေ ယဉ်ကျေးမှုဟာ ဟစ္စပန်းနစ်ယဉ်ကျေးမှု အကြိုခေတ်ကာလဖြစ်ပြီး ပီရူး ကမ်းရိုးတန်းအလယ်ပိုင်း၊ လက်ရှိ မြို့တော်လီမာ အနီးမှာ ထွန်းကားခဲ့တာဖြစ်ပါတယ်။ အေဒီ ၁၀၀၀ ကနေ ၁၄၇၀ ကြားကာလမှ ဖွံ့ဖြိုးခဲ့တဲ့ ယဉ်ကျေးမှုဖြစ်ပါတယ်။
Source: Reuters