DVB Logo
Home
နိုင်ငံတကာ
ထိုင်ဝမ်အရပ်သားများ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုစွမ်းရည် မြှင့်တင်
DVB
·
May 12, 2026
Photo: Reuters
Photo: Reuters
Donate to DVB

မကြာမီကျင်းပဖို့ရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ အစည်းအဝေးကို အစိုးရတွေနဲ့ ဈေးကွက်တွေက စောင့်ကြည့်နေကြပြီး အင်အားကြီးနိုင်ငံတွေက ထိုင်ဝမ်ရဲ့အနာဂတ်ကို ဘယ်လိုပုံဖော်မလဲဆိုတာ မရေမရာ ဖြစ်နေပါတယ်။

ထိုင်ဝမ်အရပ်သားတွေကတော့ ကာကွယ်ရေးစွမ်းရည်အတွက် လေ့ကျင့်မှုတွေထဲမှာ လေသေနတ်ပစ် လေ့ကျင့်တာတွေ၊ ပစ်ခတ်ခံနေရချိန်မှာ ရွေ့လျားပုံနဲ့ အခြေခံစစ်မြေပြင် အရေးပေါ်အကူအညီတွေကို လေ့ကျင့်နေကြတာပါ။

လေ့ကျင့်ရေးမှာ ပါဝင်သူတွေက ပစ်မှတ်တွေကို လေသေနတ်တွေနဲ့ ပစ်ခတ်တာ၊ လျှို့ဝှက်စစ်ဆင်ရေးနဲ့ သွေးထွက်နေတာ ရပ်အောင်လုပ်နည်းတွေကို လေ့ကျင့်ခဲ့ကြပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ထိုင်ဝမ်ကျွန်းဆီ လာလည်ပြီးတဲ့နောက် ၂၀၂၂ ခုနှစ်မှာ တရုတ်ပြည်မကြီးအစိုးရက ထိုင်ဝမ်တဝိုက်မှာ စစ်ရေးလေ့ကျင့်ခဲ့ပြီးနောက်ပိုင်း ထိုင်ဝမ်နိုင်ငံသားတွေက လက်နက်ကိုင်တွယ်နည်း အပါအဝင် အရပ်ဘက်ကာကွယ်ရေး သင်တန်းတွေကို တက်ခဲ့ကြပါတယ်။

လေ့ကျင့်မှုကို ယေဘုယျအားဖြင့် ပုဂ္ဂလိကအဖွဲ့တွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက စီစဉ်လေ့ရှိပါတယ်။

ထိုင်ဝမ်ရဲ့ ကာကွယ်ရေး ခံနိုင်ရည်ကို အားကောင်းစေချင်တဲ့ စေတနာ့ဝန်ထမ်းတွေက ဒီအဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကျွန်းကိုကာကွယ်ဖို့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကိုသာ အားကိုးခြင်းက မလုံလောက်တော့ဘူးလို့ စီစဉ်သူက ပြောပါတယ်။

အဖွဲ့ဝင်တွေက ထိုင်ဝမ်ကို ကာကွယ်ရေး ပိုလုပ်ကြဖို့ နည်းလမ်းတခုအဖြစ် ကိုယ်တိုင်လေ့ကျင့်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။

လေ့ကျင့်ရေးကာလ ၆ လလောက်အတွင်းမှာ ပါတဲ့ သင်ခန်းစာတွေက တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး စံသတ်မှတ်ထားတဲ့ ရေဒီယိုဆက်သွယ်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့ အခြေခံလုပ်ငန်းလည်ပတ်မှု လုံခြုံရေးကို သုံးပြီး မဟာမိတ်တွေနဲ့ ရန်သူတွေကို ခွဲခြားသတ်မှတ်ခြင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ အပါအဝင် အစည်းအဝေးတွေလည်း ပါတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် လာမဲ့အပတ်မှာ တရုတ်မြို့တော် ပေကျင်းကို လာလည်ချိန်မှာ ထိုင်ဝမ်ပြဿနာက အထင်ရှားဆုံး ပေါ်လွင်လာဖို့ ရှိပါတယ်။

အမေရိကန်က ထိုင်ဝမ်ကျွန်းဆိုင်ရာ မူဝါဒ မပြောင်းသေးဘူးလို့ ပြန်အတည်ပြုခဲ့ပါတယ်။

တရုတ်နိုင်ငံက ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ ထိုင်ဝမ်ကို သူ့ကိုယ်ပိုင်နယ်မြေအဖြစ် ပြောပြီး အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးမှာ အထိခိုက်မခံဆုံးနဲ့ အရေးကြီးဆုံးပြဿနာအဖြစ် မကြာခဏ ဖော်ပြလေ့ရှိပါတယ်။

ထိုင်ဝမ်အစိုးရကတော့ တရုတ်ပြည်မကြီးအစိုးရရဲ့ အချုပ်အခြာအာဏာဆိုင်ရာ တောင်းဆိုချက်တွေကို ပယ်ချထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013