DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်၌ အရပ်သား ၁ ဦး အသတ်ခံရမှု ပကဖ စုံစမ်းစစ်ဆေးနေ
DVB
·
June 17, 2025
တနင်္သာရီမြို့နယ်၌ အရပ်သား ၁ ဦး အသတ်ခံရမှု ပကဖ စုံစမ်းစစ်ဆေးနေ
Donate to DVB

တနင်္သာရီမြို့နယ်၊ သမီးလှကျေးရွာမှာ ကုန်စုံဆိုင်ပိုင်ရှင် အရပ်သားတယောက် အသတ်ခံရတဲ့ ဖြစ်စဥ်အပေါ် စုံစမ်းစစ်ဆေးနေတယ်လို့ တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဇွန် ၆ ရက် ညပိုင်းမှာ သမီးလှရွာရှိ အမျိုးသားတယောက်ကို အမည်မသိလက်နက်ကိုင် အဖွဲ့တဖွဲ့က  ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ၃ ရက်အကြာ ဇွန် ၉ ရက်မှာ  ရုပ်အလောင်းကို တနင်္သာရီမြို့နယ်၊ တကူငယ်ချောင်းမှာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုင်းပကဖရဲ့ တာဝန်ရှိသူတယောက်က  ''ဒီဖြစ်စဥ်မှာ ဘယ်သူတွေပါလဲ၊ ဘာကြောင့်သတ်တာလဲဆိုတာ သက်ဆိုင်ရာမြို့နယ်၊ ပကဖကို စုံစမ်းစစ်ဆေးခိုင်းထားတယ်။ အတိအကျတော့ မသိရသေးဘူး''လို့ ပြောပါတယ်။

အသတ်ခံရသူမှာ အသက် ၄၀ ဝန်းကျင်အရွယ် ဦးသန်းလှဖြစ်ပြီး သမီးလှရွာမှာ ကုန်စုံဆိုင် ဖွင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရသူနဲ့ ပတ်သက်ပြီး ဒေသခံတဦးက ''အသတ်ခံရသူက စစ်တပ်နဲ့ရော တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ရော ပတ်သက်မှုရှိတယ်။ ၅၆၁ တပ်ရင်းကိုလည်း အဝင်အထွက်ရှိသူ ဖြစ်တယ်။ သမီးလှရွာကသူတွေ တနင်္သာရီမြို့ဘက်ကိုသွားရင် ခေါ်စစ်ဆေးခံရတာတွေရှိတယ်။ ရွာသားတွေက သူ့ကိုပဲထင်ကြတာ''လို့ ပြောပါတယ်။

အခုလိုဖြစ်စဥ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့အစည်းကနေ တာဝန်ယူဖြေရှင်းပေးဖို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့နှစ် အောက်တိုဘာ ၈ ရက် တုန်းကလည်း တနင်္သာရီမြို့နယ်၊ တကူရွာမှာ အငြိမ်းစားကျောင်းဆရာမတယောက် နေအိမ်အနီး ဥယျာဥ်ခြံမှာ အသတ်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013