
မိုးသည်းပြီး ရေကြီး မြေပြိုတာတွေ ဖြစ်ခဲ့လို့ ကွန်ဂိုနိုင်ငံ ကင်ရှာဆာမြို့တော်မှာ လူ ၂၉ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးဌာနက ဇွန် ၁၅ ရက် နှောင်းပိုင်းမှာ ပြောပါတယ်။
ဇွန် ၁၆ ရက်မှာ ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံက လူ ၁၀ ယောက် သေဆုံးခဲ့တဲ့ ရေလျှံလမ်းတွေနဲ့ မြေပြိုထားတဲ့ ဇုန်တခုကို ပြသခဲ့ပါတယ်။
ပြိုကျနေတဲ့ အဆောက်အအုံ အပျက်အစီးတွေကြားမှာ မိသားစုတွေ ဝမ်းနည်း ပူဆွေးခဲ့ကြရပါတယ်။
အိမ်ငှား ၁၀ ယောက် ဆုံးရှုံးခဲ့ရတဲ့ အိမ်ပိုင်ရှင် မယ်ဒလင်း ချာဒိုက ပျက်စီးသွားတဲ့ အိမ်တွေရဲ့ အပျက်အစီးပုံတွေပေါ်ကို တက်ပြီး အခြေအနေကို ကြည့်နေခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ရာသီအလိုက် ရေလွှမ်းမှုနဲ့အတူ ကင်ရှာဆာမြို့ရဲ့ ထပ်တလဲလဲ ရုန်းကန်နေရမှုကို အလေးပေးဖော်ပြပြီး မြို့သူမြို့သား ၁၅ သန်းက နှစ်စဉ် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတခု ဖြစ်ပါတယ်။
မြို့ပြစီမံကိန်း ညံ့ဖျင်းခြင်း၊ သစ်တောပြုန်းတီးခြင်းနဲ့ ရေနုတ်မြောင်း မလုံလောက်ခြင်းတို့ကြောင့် သည်းသည်းမည်းမည်း ရွာတဲ့မိုးရဲ့ သက်ရောက်မှုကို ပိုဆိုးရွားစေပါတယ်။
ရာသီဥတု ဖောက်ပြန်မှုကြောင့် အခြေအနေ ပိုပြင်းထန်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
Source: Reuters