DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံတွင် စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက်၊ ဘုန်းတော်ကြီးစာသင်ကျောင်း မူလတန်း ကလေး ၂ ဦး ထိမှန်
DVB
·
June 17, 2025
ဖယ်ခုံတွင် စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက်၊ ဘုန်းတော်ကြီးစာသင်ကျောင်း မူလတန်း ကလေး ၂ ဦး ထိမှန်
1 / 3
Donate to DVB

ရှမ်းပြည်နယ်နဲ့ ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက လအိကျေးရွာကို စစ်ကောင်စီတပ်က ဇွန် ၁၆ ရက်မှာ အသေခံဒရုန်း ၂ စင်းနဲ့ တိုက်ခိုက်ခဲ့လို့ စာသင်နေတဲ့ ကလေးငယ် ၂ ယောက်ထိခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁၆ ရက် မနက် ၁၀ နာရီကျော်မှာ အသေခံဒရုန်း ၂ စင်းက ပရဟိတ ဘုန်းတော်ကြီး စာသင်ကျောင်းမှာ ကျရောက်ပေါက်ကွဲပြီး မူလတန်း ကလေးငယ် ၂ ယောက်ထိခိုက်ကာ ကျောင်းက မှန်နဲ့ အဆောက်အအုံအနည်းငယ်ထိခိုက်မိတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ကလေးနှစ်ယောက် ထိတယ် မစိုးရိမ်ရဘူး။ ရွာလယ်တည့်တည့်က ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကပ်လျက်ရှိတဲ့ နေရာလေးကို ကျတာ”လို့ ပြောပါတယ်။

အသေခံဒရုန်းနဲ့ မတိုက်ခိုက်ခင်မှာလည်း လက်နက်ကြီးနဲ့က ၄ ၊ ၅ ကြိမ် ပစ်ခတ်တာတွေရှိနေပြီး အသေခံဒရုန်းနဲ့ပစ်ချိန်မှာ ထိခိုက်မိတာ ဖြစ်ပါတယ်။

လအိကျေးရွာက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဒေသခံနဲ့ စစ်ဘေးရှောင်အချို့ နေထိုင်တဲ့နေရာဖြစ်ပေမဲ့ စစ်ကောင်စီတပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်နေလို့ ပြည်သူတွေ စိုးရိမ်နေကြပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက “အဲဒီနေရာက ကလေးတွေ စာသင်နေတဲ့ကျောင်းဖြစ်တယ်၊ ကျောင်းက စာသင်တယ်၊ နောက် ခိုလှုံတဲနေရာ ဖြစ်တယ်ပေါ့နော်၊ အဲဒါကို ရည်ရွယ်ချက်ရှိရှိ စစ်တပ်ကနေ အသေခံဒရုန်းနဲ့ တိုက်ခိုက်တယ် ဆိုတာက စစ်ရာဇဝတ်မှုရော၊ လူသားမျိုးနွယ်စုအပေါ်မှာရော ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၄ ရက်ကလည်း ကရင်နီပြည်နယ်ထဲက ဒီးမော့ဆို အနောက်ဘက်ခြမ်းကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ တဲအိမ်တလုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013