DVB Logo
Home
နိုင်ငံတကာ
၃၆ နိုင်ငံကို အမေရိကန်ဝင်ခွင့် ထပ်မံပိတ်ရန် သမ္မတ ထရမ့်ပ် စီစဉ်နေ
DVB
·
June 16, 2025
၃၆ နိုင်ငံကို အမေရိကန်ဝင်ခွင့် ထပ်မံပိတ်ရန် သမ္မတ ထရမ့်ပ် စီစဉ်နေ
Donate to DVB

နောက်ထပ် နိုင်ငံပေါင်း ၃၆ နိုင်ငံက နိုင်ငံသားတွေ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ခွင့် ပိတ်ပင် ကန့်သတ်ဖို့ ထရမ့်ပ်အစိုးရက စီစဉ်နေတယ်လို့ နိုင်ငံခြားရေးဌာန ရုံးတွင်းမှတ်တမ်းတွေကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

အခုလ အစောပိုင်းမှာ မြန်မာအပါအဝင် နိုင်ငံ ၁၂ နိုင်ငံက နိုင်ငံသားတွေ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ခွင့်ကို သမ္မတက ကြေညာချက်ထုတ်ပြန်ပြီး ဟန့်တားခဲ့ပါတယ်။

အမေရိကန်အပေါ် နိုင်ငံခြားသား အကြမ်းဖက်သမားတွေရန်နဲ့ တခြား အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့အတွက် လုပ်ရတာလို့ ဆိုပါတယ်။

ဒီညွှန်ကြားချက်ဟာ ထရမ့်ပ် သမ္မတ ဒုတိယသက်တမ်း စတင်ကတည်းက အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့တဲ့ ရွှေ့ပြောင်းနှိမ်နင်းရေး စီမံချက်ရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။

လူဆိုးဂိုဏ်းဝင်လို့ သံသယရှိတဲ့ ဗင်နီဇွဲလားနိုင်ငံသား ရာချီပြီး အယ်လ်ဆာဗေးဒိုးနိုင်ငံကို နှင်ထုတ်ခဲ့တာ၊ အမေရိကန်တက္ကသိုလ်တွေမှာ နိုင်ငံခြားသား ကျောင်းသားတချို့ ကျောင်းဝင်ခွင့် ငြင်းပယ်ဖို့ ကြိုးစားတာ၊ ပြန်ပို့တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ထားတဲ့ စံမှတ်ကျောက်တွေ၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှု မရှိလာရင်  ဝင်ရောက်ခွင့် အပြည့်အဝ ဒါမှမဟုတ် တစိတ်တဒေသ ပိတ်ဖို့ အကြံပြုနိုင်တဲ့ ပူပန်စရာနိုင်ငံ ၃၆ နိုင်ငံကို နိုင်ငံခြားရေးဌာနက တွေ့ရှိထားတယ်လို့  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို လက်မှတ်ထိုးထားတဲ့ ရုံးတွင်းမှတ်တမ်းတခုမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပူပန်စရာကောင်းတယ်ဆိုတဲ့ အချက်တွေထဲမှာ စိတ်ချယုံကြည်ရတဲ့ စာရွက်စာတမ်း အထောက်အထားတွေ ပေးအပ်ဖို့ တချို့နိုင်ငံတွေမှာ အရည်အချင်းပြည့်မီတဲ့ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အစိုးရမျိုး ကင်းမဲ့တာ ဆိုတဲ့ အချက်တချက်လည်း ပါဝင်ပါတယ်။

နောက်တချက်ကတော့ အဲဒီနိုင်ငံ ပတ်စ်ပို့ရဲ့ မေးခွန်းထုတ်စရာကောင်းတဲ့ လုံခြုံမှု ဖြစ်ပါတယ်။ 

တချို့နိုင်ငံတွေဟာ အမေရိကန်ထဲက သူတို့နိုင်ငံသားတချို့ကို ဖယ်ရှားဖို့ အမိန့်ထုတ်တဲ့အခါ အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ဘူးလို့လည်း ဖော်ပြထားပါတယ်။

တချို့နိုင်ငံတွေကျတော့ သူတို့နိုင်ငံသားတွေက အမေရိကန်ဗီဇာနဲ့ သက်တမ်းကျော်လွန် နေထိုင်မှု များနေတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်း အကြမ်းဖက်မှုတွေ၊ ဂျူးဆန့်ကျင်ရေးနဲ့ အမေရိကန်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ နိုင်ငံသားတွေရှိတဲ့ နိုင်ငံတွေကိုလည်း ထည့်ထားပါတယ်။

စာရင်းပါနိုင်ငံတိုင်းဟာ ဒီပူပန်စရာ အချက်အလက်အကုန်လုံးနဲ့ ငြိစွန်းတယ်လို့တော့ မဆိုလိုဘူးလို့လည်း မှတ်ချက်ရေးထားပါတယ်။

လာမယ့် ရက် ၆၀ အတွင်း ပူပန်တဲ့အချက်တွေကို မဖြေရှင်းပေးနိုင်ရင် အမေရိကန်ဝင်ခွင့် အပြည့်အဝ ဒါမှမဟုတ် တစိတ်တဒေသ ပိတ်ပင်ခံရနိုင်တဲ့ နိုင်ငံတွေထဲမှာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံ အများအပြား ပါဝင်တာ တွေ့ရပါတယ်။

အာဆီယံဒေသတွင်းကတော့ ကမ္ဘောဒီးယားတနိုင်ငံ ထပ်မံပါဝင်လာပါတယ်။

ပထမတကြိမ် ပိတ်ပင်မှုမှာ အပြည့်ပိတ်ခံရတာက အာဆီယံမှာ မြန်မာ တနိုင်ငံတည်းဖြစ်ပြီး လာအိုကတော့ တစိတ်တဒေသ ကန့်သတ်ခံရတာ ဖြစ်ပါတယ်။

ထရမ့်ပ် ပထမသက်တမ်းတုန်းကလည်း မွတ်စလင်လူများစု နိုင်ငံ ၇ နိုင်ငံက နိုင်ငံသားတွေ ပြည်ဝင်ခွင့် ပိတ်ခဲ့ဖူးပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013