
လီဗာပူးအသင်းဟာ လီဗာကူဆင်ကြယ်ပွင့်ကစားသမား ဖလော်ရီယန်ဗက်ဇ်ကို ပေါင် ၁၁၈ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါတယ်။
ကနဦးပေါင်သန်း ၁၀၀ ပေးချေရမှာဖြစ်ပြီး စွမ်းဆောင်ရည် အပေါ်မူတည်ပြီးနောက်ထပ် ပေါင် ၁၈ သန်း ပေးချေသွားရမှာပါ။
လီဗာပူးအသင်းဟာ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးလို ထိပ်တန်းအသင်းတွေထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ခဲ့တာပါ။
ဂိုးသမားအလစ်ဆန်နဲ့ နောက်ခံလူ ဗန်ဒိုက်တို့ပြီးနောက်မှာ လီဗာပူးအသင်းအတွက် ဈေးအကြီးဆုံး ခေါ်ယူမှု ဖြစ်ခဲ့တာပါ။
ကိုင်စီဒို၊ ဂျက်ဂရေးလစ်ရှ်တို့လို ကစားသမားတွေကို ကျော်ဖြတ်ပြီး ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အသက် ၂၂ နှစ်ရှိ ဂျာမနီ လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမားဟာ လက်ရှိအချိန်မှာ အားလပ်ရက် အနားယူနေပြီး မကြာခင်မှာ လီဗာပူးနဲ့ စာချုပ်ချုပ်ဆိုတော့မယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
ဗက်ဇ်ဟာ မနှစ်က လီဗာကူဆင်အတွက် စုစုပေါင်း ၄၅ ပွဲမှာ ၁၆ ဂိုးသွင်းပြီး ၁၄ ကြိမ်ဂိုးဖန်တီး နိုင်ခဲ့ပါတယ်။
Photo:Reuters