DVB Logo
Home
နိုင်ငံတကာ
အဲအိန္ဒိယလေယာဉ်ပျက်ကျမှု ၂၄၀ ကျော် သေဆုံးပြီး အသက်ရှင်သူ ၁ ဦးတွေ့
DVB
·
June 13, 2025
အဲအိန္ဒိယလေယာဉ်ပျက်ကျမှု ၂၄၀ ကျော် သေဆုံးပြီး အသက်ရှင်သူ ၁ ဦးတွေ့
Donate to DVB

အဲအိန္ဒိယ လေယာဉ်ပျက်ကျမှုမှာ ၂၄၀ ကျော်သေဆုံးပြီး အသက်ရှင်ကျန်ရစ်သူတယောက်သာ ထူးထူးခြားခြား တွေ့ရှိခဲ့ရတဲ့အတွက် ကမ္ဘာမှာ ဆယ်စုနှစ်အတွင်း အဆိုးဆုံး လေကြောင်းဘေးအန္တရာယ် ဖြစ်လာခဲ့ပါတယ်။

လူ ၂၄၂ ယောက် လိုက်ပါပြီး အိန္ဒိယနိုင်ငံ အာမက်ဒါဘက်မြို့ကနေ လန်ဒန်ကိုထွက်ခွာတဲ့  Boeing 787-8 Dreamliner လေယာဉ်ဟာ ပျံတက်တက်ချင်း စက္ကန့်ပိုင်းအတွင်းမှာပဲ လေဆိပ်နားက ဆေးကောလိပ်အဆောင်ပေါ် ပျက်ကျခဲ့ပါတယ်။

တယောက်တည်းသော အသက်ရှင်ကျန်ရစ်သူဟာ အိန္ဒိယနွယ်ဖွား ဗြိတိန်နိုင်ငံသားဖြစ်ပြီး ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ လေကြောင်းလိုင်းက အတည်ပြုပါတယ်။

သေဆုံးသူအရေအတွက် အတိအကျကို ရေတွက်နေဆဲဖြစ်ပြီး လေယာဉ်ပိလို့ အဆောက်အအုံထဲမှာ သေဆုံးသူတွေပါ ပါဝင်တဲ့အတွက် ပြန်လည်ရေတွက်နေဆဲ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အစောပိုင်းမှာ လေယာဉ်နဲ့ အောက်က အဆောက်အအုံ နှစ်ခုပေါင်း ၂၄၉ ယောက်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို နှစ်ခါရေမိတာလည်း ရှိတဲ့အတွက် ပြန်လည်ရေတွက်နေတာလို့ သိရပါတယ်။ ဒါကြောင့် ၂၄၀ ကျော်လို့ပဲ ကနဦး သတ်မှတ်ထားပါတယ်။

အသက်ရှင်ကျန်ရစ်သူဟာ ထိုင်ခုံအမှတ် 11A အရေးပေါ်ထွက်ပေါက်နားမှာထိုင်တဲ့ ရာမက်ရှ်ဗီစ်ဝက်ရှ်ကူးမား ဖြစ်တယ်လို့ အိန္ဒိယသတင်းတွေက ဖော်ပြပါတယ်။ သူဟာ ဆေးရုံခုတင်ပေါ်ကနေ မီဒီယာတွေကို အင်တာဗျူးဖြေနိုင်သေးတယ်လို့ သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013