DVB Logo
Home
နိုင်ငံတကာ
တရုတ်ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ် နိုင်ငံတကာကို စတင်မိတ်ဆက်
DVB
·
February 19, 2024
တရုတ်ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ် နိုင်ငံတကာကို စတင်မိတ်ဆက်
Donate to DVB

အဲဘတ်စ်နဲ့ ဘိုးအင်း ခရီးသည်တင်လေယာဉ်တွေကို စိန်ခေါ်ဖို့ ရည်ရွယ်ထားတဲ့ တရုတ်ကုမ္ပဏီ COMAC က ထုတ်လုပ်တဲ့ C919 ခရီးသည်တင်လေယာဉ်ကို ပထမဆုံး တရုတ်နယ်နိမိတ်ပြင်ပ ခရီးစဉ်အဖြစ် စင်ကာပူလေကြောင်းပြပွဲမှာ ဖေဖော်ဝါရီ ၁၈ ရက်က ပျံသန်းပြသခဲ့ပါတယ်။

ကမ္ဘာ့လေကြောင်းခရီးသည်တင်စျေးကွက်မှာ အနောက်တိုင်းကုမ္ပဏီကြီးနှစ်ခုပဲ လွှမ်းမိုးထားတာကို ထိုးဖောက်နိုင်ဖို့ တရုတ်က အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေပါတယ်။

C919 ကို ဒီနှစ်ထဲ ပြည်တွင်း၊ ပြည်ပမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးလာနိုင်ဖို့ တရုတ်က ရည်ရွယ်ထားပါတယ်။

လက်ရှိမှာ C919 ကို တရုတ်ပြည်ထဲမှာပဲ ပျံသန်းခွင့်ရထားပြီး ပထမဆုံးလေးစင်းကို China Eastern Airlines က မနှစ်က စသုံးနေတာ ဖြစ်ပါတယ်။

အဲဘတ်စ်နဲ့ ဘိုးအင်း ကုမ္ပဏီတွေဟာ လေယာဉ်သစ်ဝယ်လိုအားနဲ့ အမီထုတ်ပေးနိုင်ဖို့ ရုန်းကန်နေရသလို ဘိုးအင်းကလည်း ပြဿနာတွေတက်နေတဲ့အချိန်မှာ COMAC က တခြားရွေးချယ်စရာ ဖြစ်လာမလားဆိုတာ စောင့်ကြည့်စရာ ဖြစ်လာပါတယ်။

လာမယ့်သုံးနှစ်က ငါးနှစ်အတွင်း C919 ထုတ်လုပ်မှု တိုးချဲ့နိုင်ဖို့ ယွမ်ဘီလျံဆယ်ချီပြီး ရင်းနှီးမြှုပ်နှံဖို့ ရှိနေပါတယ်။

ဒီနှစ်ထဲ ဥရောပမှာ C919 ပျံသန်းခွင့်ရဖို့ ဥရောပလေကြောင်းဘေးကင်းရေး အေဂျင်စီထံမှာ အတည်ပြုချက်ရယူဖို့ ကြိုးစားနေပါတယ်။

အာရှရဲ့ အကြီးဆုံးလေကြောင်းပြပွဲမှာ အဲဘတ်စ် လေယာဉ်တွေနဲ့အတူ COMAC ရဲ့ C919 လေယာဉ်နှစ်စင်းဟာ စင်ကာပူကမ်းရိုးတန်းတလျှောက် ပျံသန်းပြခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013