DVB Logo
Home
မြန်မာသတင်း
ရွှေဆိုင်များ သတ်မှတ်စျေးဖြင့် မရောင်းပါက အရေးယူမည်ဟု ရန်ကုန်ရွှေအသင်း သတိပေး
DVB
·
June 12, 2025
ရွှေဆိုင်များ သတ်မှတ်စျေးဖြင့် မရောင်းပါက အရေးယူမည်ဟု ရန်ကုန်ရွှေအသင်း သတိပေး
Donate to DVB

ကမ္ဘာ့ရွှေဈေးမြင့်တက်မှုအရ ပြည်တွင်းအခေါက်ရွှေဈေးကျပ် ၇၉ သိန်းကျော်အထိ မြင့်တက်လာချိန်မှာ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ‌သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချဖို့ ရွှေဆိုင်တွေကို ဇွန် ၁၂ ရက် ဒီနေ့ သတိပေးချက် ထုတ်ပြန်ပါတယ်။

YGEA ထုတ်ပြန်ချက်အရ ရွှေဈေးတည်ငြိမ်ရေးအတွက် ရွှေဆိုင်တွေအနေနဲ့ နေ့စဉ်ဖွင့်လှစ် ရောင်းချဖို့ လိုအပ်သလို၊ သတ်မှတ်ဈေးနှုန်းအတိုင်းသာ အရောင်းအဝယ် ပြုလုပ်ရမှာ ဖြစ်ပါတယ်။

အဆိုပါ ညွှန်ကြားချက်တွေကို မလိုက်နာပါက ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားတာပါ။

YGEA ရဲ့ သတ်မှတ်ချက်အရ ဒီကနေ့အတွက် အခေါက်ရွှေတကျပ်သားဈေးနှုန်းက ကျပ် ၅၈ သိန်း ၂ သောင်း (၅,၈၂၀,၀၀၀) ဖြစ်ပါတယ်။ ဒါပေမဲ့ ပြင်ပဈေးကွက်မှာ တကျပ်သားကို ကျပ် ၇၉ သိန်း ၅ သိန်း (၇,၉၅၀,၀၀၀) အထိ မြင့်တက်နေတာကြောင့် ကျပ်သိန်း ၂၀ ကျော် ဈေးကွာဟမှု ရှိနေပါတယ်။

ဒီအခြေအနေတွေကြောင့် ရွှေဆိုင်အများစုက အခေါက်ရွှေ တိုက်ရိုက် ရောင်းချမှု မပြုလုပ်ဘဲ ရွှေအထည်တွေကိုသာ အလျော့တွက်တင်ပြီး သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနေကြတယ်လို့ ရွှေဝယ်ယူသူတွေထံက သိရပါတယ်။

ကမ္ဘာရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်း အခေါက်ရွှေဈေး ကျပ် ၇၉ သိန်းကျော်ထိ ထိုးတက်လာချိန်မှာ YGEA က အခုလို သတိပေးချက် ထပ်မံထုတ်ပြန်လာတာပါ။

ရန်ကုန်တိုင်းရွှေအသင်းကတော့ ဒီနေ့အတွက် အခေါက်ရွှေတကျပ်သားကို ကျပ် ၅၈ သိန်းကျော် (၅,၈၂၀,၀၀၀ ) သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ ပြင်ပ‌ဈေးကွက်မှာတော့ အခေါက်ရွှေကတကျပ်သားကို ကျပ် ၇,၉၅၀,၀၀၀ ထိ မြင့်တက်နေတာကြာင့် YGEA သတ်မှတ်ဈေးနဲ့ ကျပ်သိန်း ၂၀ ကျော်ထိ ဈေးကွာဟချက် ရှိနေပါတယ်။

ဒီလို ဈေးကွာဟမှုကြောင့် ရွှေဆိုင်တွေကလည်း အခေါက်ရွှေကို ရောင်းချပေးခြင်းမရှိဘဲ ရွှေအထည်တွေကိုသာ အလျော့တွက်တင်ပြီး သတ်မှတ်ဈေးနဲ့ကိုက်အောင် ရောင်းနေတယ်လို့ ရွှေဝယ်ယူသူတွေထံက သိရပါတယ်။

ပြည်တွင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အခေါက်ရွှေဈေးဟာစစ်တပ် အာဏာမသိမ်းခင်က တကျပ်သားကို ၁၃ သိန်းခန့်သာရှိခဲ့ပြီး အာဏာသိမ်း လေးနှစ်ကျော်အတွင်း ၇၉ သိန်း ကျော်အထိ အဆပေါင်းများစွာ မြင့်တက်ခဲ့သလို ဒေါ်လာစျေးကလည်း အာဏာမသိမ်းခင် ၁,၃ဝဝ ခန့်ကနေ လက်ရှိ ၄,၄၅ဝ ကျပ်အထိ သုံးဆကျော် မြင့်တက်ခဲ့ပါတယ်။

စစ်ကောင်စီကတော့ ရွှေဈေးကစားသူတွေကို ဖော်ထုတ်အရေးယူတာ၊ ရွှေဆိုင်တွေကို သတ်မှတ် ဈေးနှုန်းနဲ့ ရောင်းချလာ‌အောင် ကြပ်မတ်တာအပြင် နည်းလမ်းမျိုးစုံနဲ့ ရွှေဈေး ထိန်းချုပ်ရေး လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013