DVB Logo
Home
နိုင်ငံတကာ
ဒေါ်လာ ၁၅၀,၀၀၀ ကျော်ရခဲ့သည့် Labubu ကမ္ဘာ့ဈေးအကြီးဆုံးအရုပ် ဖြစ်လာ
DVB
·
June 12, 2025
ဒေါ်လာ ၁၅၀,၀၀၀ ကျော်ရခဲ့သည့် Labubu ကမ္ဘာ့ဈေးအကြီးဆုံးအရုပ် ဖြစ်လာ
Donate to DVB

လူအရွယ်အစားရှိတဲ့ Labubu အရုပ်ကို ဒီတပတ်အတွင်း ရောင်းချရမှု ဒေါ်လာ ၁၅၀,၃၂၄ အထိရှိပြီး စံချိန်တင်ခဲ့တယ်လို့ တရုတ်လေလံကုမ္ပဏီက ပြောပါတယ်။

၄ ပေ ၄ လက်မ အမြင့်ရှိတဲ့ Labubu အရုပ်ကို ပေကျင်းမြို့ရှိ ယွန်ဂယ် နိုင်ငံတကာလေလံမှာ ရောင်းချခဲ့တာပါ။

Labubu အရုပ်ဟာ ကမ္ဘာတဝန်းမှာရှိတဲ့ အရုပ်တွေထဲမှာ ဈေးအကြီးဆုံးအရုပ် ဖြစ်လာတယ်လို့ လေလံပစ်သူတွေက ပြောပါတယ်။

Labubu အရုပ်ကို ပုံမှန်ဈေးနှုန်း ယွမ် ၅၀ နဲ့ တရုတ်ကုမ္ပဏီ Pop Mart က ရောင်းချတာ ဖြစ်ပါတယ်။

ဒီတပတ် လေလံမှာတော့ Labubu အမျိုးအစားပေါင်း ၄၈ မျိုး ရောင်းချဖို့ လေလံတင်ထားပြီး လူပေါင်း ၂၀၀ ဝန်းကျင် လေလံပွဲကို လာရောက်ခဲ့ပါတယ်။

လေလံကုမ္ပဏီက Labubu အရုပ်ရောင်းချရငွေ ယွမ် ၃ ဒသမ ၃၇ သန်း ရှိတယ်လို့ ပြောပါတယ်။

ကြောက်စရာ တိရစ္ဆာန်ပုံစံအရုပ်ဖြစ်တဲ့ Labubu ကို လွန်ခဲ့တဲ့ ၁၀ နှစ်က ဟောင်ကောင် အနုပညာရှင် ကားဆင်းလောင်က ဖန်တီးခဲ့တာဖြစ်ပါတယ်။

Celebrity တွေရဲ့ ထောက်ခံမှုတွေနဲ့ Labubu အရုပ်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျော်ကြားလာတဲ့အရုပ် ဖြစ်ပါတယ်။

ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ Blackpink ရဲ့ အဖွဲ့ဝင် လီဆာက ဆိုရှယ်မီဒီယာမှာ Labubu အရုပ်နဲ့ မကြာခဏ ပေါ်လာတတ်ပြီးတဲ့နောက် ကမ္ဘာတဝန်းလုံးမှာ Labubu အရုပ် လူကြိုက်များမှု ဖြစ်လာခဲ့တာပါ။

ဒါ့အပြင် ရီဟားနားနဲ့ ဒူအာလီပါ တို့ကလည်း Labubu ပုံစံ ဝတ်ဆင်မှုနဲ့ အရုပ်လေးတွေ အိတ်မှာချိတ်ထားမှုတွေကြောင့် TikTok မှာ နာမည်ကြီးတဲ့အရုပ် ဖြစ်လာပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဘက်ဟမ်းကလည်း သူ့အိတ်မှာ Labubu အရုပ် ချိတ်ဆွဲထားတဲ့ပုံကို အင်စတာဂရမ်မှာ တင်ခဲ့တာ စတဲ့ နာမည်ကြီးတွေ အသုံးပြုတာ များလာတာနဲ့အတူ Labubu အရုပ် လူကြိုက်များမှုလည်း ပိုများလာပါတယ်။

Labubu အရုပ် ကျော်ကြားလာတာက Pop Mart အတွက် အောင်မြင်မှုတခုဖြစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ယွမ် ၁၃ သန်း ရရှိခဲ့ကာ ၂၀၂၃ ခုနှစ်ကထက် ဝင်ငွေ ၂ ဆကျော် တိုးတက်ခဲ့တာ ဖြစ်ပါတယ်။

Pop Mart ဟာ ပြီးခဲ့တဲ့နှစ်က အီတလီ၊ စပိန် စတဲ့နိုင်ငံတွေ အပါအဝင် နိုင်ငံ ၅ နိုင်ငံမှာ စတိုးဆိုင်အသစ်တွေ တိုးချဲ့ဖွင့်လှစ်ခဲ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013