DVB Logo
Home
နိုင်ငံတကာ
လာဘူဘူ အရုပ်ဖန်တီးသည့် တရုတ်ကုမ္ပဏီ နှစ်ဝက်အမြတ်ငွေ ၄၀၀ ရာခိုင်နှုန်း တိုး
DVB
·
August 20, 2025
လာဘူဘူ အရုပ်ဖန်တီးသည့် တရုတ်ကုမ္ပဏီ နှစ်ဝက်အမြတ်ငွေ ၄၀၀ ရာခိုင်နှုန်း တိုး
Donate to DVB

ရုပ်ဆိုးပြီးချစ်စရာကောင်းတဲ့ Labubu အရုပ်ကလေးတွေနဲ့ ကမ္ဘာကို ထိုးဖောက်ခဲ့တဲ့ တရုတ် Pop Mart ကုမ္ပဏီဟာ နှစ်ဝက် အသားတင် အမြတ်ငွေ ၄၀၀ ရာခိုင်နှုန်းနီးပါး တိုးတက်ခဲ့တယ်လို့ ဩဂုတ် ၁၉ ရက်မှာ တရားဝင်ထုတ်ပြန်ပါတယ်။ 

အသားတင်အမြတ်ငွေ ၃၉၆ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဝင်ငွေ ၂၀၄ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့တာ ဖြစ်ပါတယ်။  

ဒါဟာ ပြီးခဲ့တဲ့လက တိုးတက်မှု ခန့်မှန်းချက်ကို ကျော်လွန်သွားတာ ဖြစ်ပါတယ်။ Pop Mart ကုမ္ပဏီရဲ့ ရှယ်ယာတွေဟာ ဒီနှစ်အတွင်းမှာပဲ ရာခိုင်နှုန်း ၂၀၀ ကျော် မြင့်တက်ခဲ့ပါတယ်။ 

Barbie အရုပ်ထုတ်လုပ်တဲ့ Mattel နဲ့ Hello Kitty ရဲ့ မိခင်ကုမ္ပဏီ Sanrio တို့လို နာမည်ကြီး အရုပ်ကုမ္ပဏီကြီးတွေထက်တောင် တန်ဖိုးပိုမြင့်လာခဲ့ပါတယ်။ 

Pop Mart ဟာ စုဆောင်းစရာအရုပ်တွေကို "blind boxes" လို့ခေါ်တဲ့ ဘူးတွေနဲ့ ရောင်းချလေ့ရှိပြီး ဝယ်ယူသူတွေဟာ ဘူးမဖောက်ခင်အထိ ဘယ်ဒီဇိုင်းရမယ်ဆိုတာကို မသိနိုင်ပါဘူး။

သွားဖြဲပြီးရယ်နေတဲ့ Labubu အရုပ်တွေ အောင်မြင်ရတဲ့ အဓိကအကြောင်းအရင်းတခုကတော့ နာမည်ကြီးအနုပညာရှင်တွေရဲ့ အားပေးမှုဖြစ်ပါတယ်။ 

သူတို့ထဲမှာ Blackpink အဖွဲ့ဝင် လီဆာ၊ အဆိုတော် ရီဟားနားနဲ့ ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းတို့ ပါဝင်ပါတယ်။ 

Pop Mart ဟာ ကမ္ဘာတဝန်းက စတိုးဆိုင်တွေမှာ ရောင်းမလောက်ဖြစ်နေတဲ့ အရုပ်တွေ တိုးမြှင့် တင်ပို့ပေးမယ်လို့ ကတိပြုထားပါတယ်။ 

CEO ဝမ်နင်းကလည်း ပြီးခဲ့တဲ့လ တရုတ်နိုင်ငံပိုင်မီဒီယာနဲ့ အင်တာဗျူးမှာ လာမယ့် စက်တင်ဘာလ ကစပြီး Labubu အရုပ်တွေဟာ တနေ့ကို အရုပ်အရေအတွက် ၁၀ သန်းကျော် ရောင်းချ နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ 

ကုမ္ပဏီဟာ လက်ရှိမှာ စတိုးဆိုင် ၅၇၁ ဆိုင် ရှိပြီး အဲဒီထဲက ဆိုင် ၄၀ ကို ဒီနှစ်ရဲ့ ပထမနှစ်ဝက်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013