DVB Logo
Home
မြန်မာသတင်း
ရေးအခြေစိုက် ခလရ ၂၉၉ မှ တပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ ထွက်ပြေးခိုလှုံ 
DVB
·
June 12, 2025
ရေးအခြေစိုက် ခလရ ၂၉၉ မှ တပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ ထွက်ပြေးခိုလှုံ 
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခလရ ၂၉၉ မှ စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ ပြည်သူ့ကာကွယ်ရေး ဒေါနတပ်ရင်း၊ ဗျူဟာ (၃၃) တပ်ရင်းနယ်မြေအတွင်းကို လက်နက်ခဲယမ်းနဲ့အတူ ဇွန် ၉ ရက်မှာ ဘက်ပြောင်းခိုလှုံလာတယ်လို့ ဒေါနတပ်ရင်းက ပြောပါတယ်။

အဆိုပါတပ်သား ၂ ယောက်ဟာ ထိုင်းနိုင်ငံမှ နေရပ်ပြန်ပို့ခံရပြီးနောက် စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဥ် (၇) မှာ တပ်သားသစ်အဖြစ် စုဆောင်းခံရသူတွေ ဖြစ်တယ်လို့ ဒေါနတပ်ရင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အခုလို ဘက်ပြောင်းခိုလှုံလာသူတွေဟာ မွန်ပြည်နယ်၊ ဝဲဂလိအခြေစိုက် အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ သင်တန်းဆင်းတွေဖြစ်ကြပြီး ခလရ ၂၉၉ ရောက်မှ ဒေါနတပ်ရင်းနဲ့ ဆက်သွယ်ပြီး ထွက်ပြေးလာတယ်လို့ ဆိုပါတယ်။

ဘက်ပြောင်းခိုလှုံလာသူတွေနဲ့အတူ MA1 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်  ၁၂၃ တောင့်နဲ့ ဖုန်းတလုံးပါ ယူဆောင်လာခဲ့တယ်လို့ ဒေါနတပ်ရင်းဆီမှ သိရပါတယ်။

ဒေါနတပ်ရင်းမှ တာဝန်ရှိသူတယောက်က “ကျနော်တို့က သူတို့ကို ကူညီစောင့်ရှောက်ပေးထားတယ်။ နေမကောင်းတဲ့သူတွေဆိုလည်း ဆေးဝါးကုသမှုတွေ လုပ်ပေးတယ်။ ဘက်ပြောင်းခိုလှုံလာတဲ့ ရဲဘော်တွေအကုန်လုံးကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ်”လို့  ပြောပါတယ်။

စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းခံရသူတွေ အပါအဝင် စစ်ကောင်စီတပ်သားတွေနဲ့ ရဲ့တပ်ဖွဲ့ဝင်တွေအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးကာကွယ်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက်ပြီး ဘက်ပြောင်းခိုလှုံဖို့ ဒေါနတပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013