DVB Logo
Home
နိုင်ငံတကာ
ကေပေါ့ပ်စတား ဂျီမင်းနှင့် ဂျောင်ကွတ်တို့ စစ်မှုထမ်းတာဝန် ပြီးဆုံး
DVB
·
June 11, 2025
ကေပေါ့ပ်စတား ဂျီမင်းနှင့် ဂျောင်ကွတ်တို့ စစ်မှုထမ်းတာဝန် ပြီးဆုံး
Donate to DVB

ဇွန် ၁၁ ရက် မနက်ပိုင်းမှာ စစ်မှုထမ်းတာဝန် ပြီးဆုံးတော့မယ့် ကေပေါ့ပ် စူပါစတား ဂျီမင်းနဲ့ ဂျောင်ကွတ်တို့ကို ကြိုဆိုဖို့ ပရိသတ်ရာချီပြီး စောင့်ဆိုင်းခဲ့ကြပါတယ်။

ရှေ့တရက်က တာဝန်ပြီးဆုံးသွားတဲ့ RM နဲ့ V တို့လိုပဲ ဂျီမင်းနဲ့ ဂျောင်ကွတ်တို့ဟာ စစ်ယူနီဖောင်းအပြည့်နဲ့ ပရိသတ်ကို အလေးပြုခဲ့ကြပါတယ်။

ဂျောင်ကွတ်က သူတို့ ၂ ယောက်ကို လာတွေ့ခဲ့တဲ့ ပရိသတ်နဲ့ ဂျာနယ်လစ်တွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

“တကယ်တော့ ကျနော် ကင်မရာတွေရှေ့ မထွက်ရတာ တော်တော်ကြာပါပြီ။ မိတ်ကပ်တောင် လိမ်းမလာခဲ့ရဘူး။ အဲဒါကြောင့် နည်းနည်းရှက်နေတာ။ ဘာပြောရမှန်းတောင်မသိဘူး။”

သူတို့တွေဟာ ၂၀၂၃ ဒီဇင်ဘာမှာ စစ်မှုထမ်းတာဝန် ထမ်းဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

စစ်စခန်းဂိတ်အစား လုံခြုံရေးအကြောင်းပြချက်ကြောင့် အများပြည်သူ အားကစားကွင်း နေရာမှာ ကမ္ဘာတလွှားက BTS ပရိသတ်တွေနဲ့  တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

BTS အဖွဲ့ဝင်တွေရဲ့ပုံတွေ ကပ်ထားတဲ့ ဘတ်စ်ကားတွေ လမ်းပေါ်မှာ တန်းစီ စောင့်ဆိုင်းနေခဲ့ကြပြီး အနီနဲ့ အဝါ မိုးပျံပူဖောင်းတွေနဲ့ အလှဆင်ထားတာ တွေ့ရပါတယ်။

ကော်ဖီနဲ့ ရေ အခမဲ့တိုက်တဲ့ ကားတစင်းလည်း ရှိနေပြီး ပွဲတော်လို စည်ကားနေခဲ့ပါတယ်။

အဖွဲ့ဝင် ၇ ယောက်မှာ ၆ ယောက်က တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး Suga ကတော့ စစ်မှုထမ်းတာဝန်အစား လူမှုဝန်ဆောင်မှု အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ Suga ဟာ ဇွန် ၂၁ ရက်မှာ တာဝန်ပြီးဆုံးမှာ ဖြစ်ပါတယ်။

အသက်အကြီးဆုံး BTS အဖွဲ့ဝင် Jin ဟာ ၂၀၂၄ ဇွန်လမှာ တာဝန်ပြီးဆုံးခဲ့ပြီး J-Hope ကတော့ အောက်တိုဘာလမှာ တာဝန်ပြီးဆုံးခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတိုင်း  အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အတွင်း ၁၈ လကနေ ၂၁ လအထိ စစ်မှုထမ်းဆောင်ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့  ဆုရအားကစားသမားတွေ၊ နာမည်ကျော် ရိုးရာနဲ့ ဂန္ထဝင်ဂီတပညာရှင်တွေ၊ အကပညာရှင်တွေကိုတော့ စစ်မှုထမ်းတာဝန်ယူဖို့ အချိန်နောက်ဆုတ်ခွင့် ပေးထားပါတယ်။ ဒါပေမဲ့ ကေပေါ့ပ်စတားတွေကတော့ အဲဒီအခွင့်အရေး မရခဲ့ပါဘူး။

ဒါပေမဲ့ ၂၀၂၀ မှာတော့ ကိုရီးယားလွှတ်တော်က စစ်မှုထမ်းဥပဒေကို ပြင်ဆင်ပြီး ကေပေါ့ပ်စတားတွေ အသက် ၃၀ မတိုင်မီအထိ စစ်မှုထမ်းဆောင်မှု ရွှေ့ဆိုင်းခွင့် ပြုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013