DVB Logo
Home
အားကစား
ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူရန် မန်ယူ စုံစမ်းနေ
DVB
·
June 11, 2025
ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူရန် မန်ယူ စုံစမ်းနေ
Donate to DVB

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဥရောပချန်ပီယံ ပီအက်စ်ဂျီအသင်းက ဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူဖို့ မေးမြန်းစုံစမ်းခဲ့တယ်လို့ သိရပါတယ်။

ဂိုးသမား တွန်ဟတ်တန်ကို ထွက်ခွာခွင့်ပြုပြီးနောက် ဂိုးသမားသစ်တယောက် ခေါ်ယူဖို့ မန်ယူအသင်းက စီစဉ်ထားတာပါ။

ဒါ့အပြင် ဂိုးသမား အိုနာနာရဲ့ လက်စွမ်းကို စိတ်တိုင်းမကျ ဖြစ်နေတာကြောင့် ဒွန်နာရမ်မာကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တာဖြစ်တယ်လို့  ESPN သတင်းမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ပီအက်စ်ဂျီအသင်းဘက်က အလွယ်တကူ လက်လွှတ်ဖို့ မရှိတာကြောင့် မန်ယူအသင်းအတွက် ခေါ်ယူဖို့ အခက်အခဲရှိနိုင်တယ်လို့ သိရပါတယ်။

ဒွန်နာရမ်မာနဲ့ အဆင်မပြေဘူးဆိုရင် ဗီလာဂိုးသမား မာတီနက်ဇ်ကိုလည်း ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်ရှိ အီတလီဂိုးသမား ဒွန်နာရမ်မာဟာ ၂၀၂၁ ခုနှစ်ကတည်းက အေစီမီလန်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ပီအက်စ်ဂျီအတွက် စုစုပေါင်း ပွဲ ၁၅၀ ကျော် ကစားထားပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013