DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ ဘောတိစခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်
DVB
·
June 11, 2025
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ ဘောတိစခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဘောတိစခန်း (ခေါ်) ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

ဘောတိစခန်းကို ဇွန် ၈ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဇွန် ၁၀ ရက် မနက်ပိုင်းမှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပဒိုစောအယ်နားနဲ့ ရဲဘော်တွေက ပြောပါတယ်။

KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “အဲဒီစခန်းမှာ စကစအင်အား ၄၀ လောက်ရှိမယ်။ စခန်းသိမ်းပြီးနောက်ပိုင်းမှာ စကစတပ်သားတွေ အကုန်လုံး ထိုင်းဘက် ထွက်ပြေးသွားတယ်။ စခန်းထဲမှာတော့ စကစဘက်က အလောင်း ၂ လောင်းတော့ ကျန်တယ်” လို့ ပြောပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ လက်နက်အနည်းငယ်ရရှိပြီး တချို့လက်နက်ကိုတော့ ထွက်ပြေးသွားတဲ့ စစ်သားတွေ ယူဆောင်သွားကာ စကစဘက်က ဖျက်ဆီးထားတဲ့ လက်နက်တွေလည်းရှိပြီး အသေးစိတ်ကိုတော့ မသိသေးဘူးလို့ ပဒိုစောအယ်နားက ပြောပါတယ်။

နယ်စပ်မျဥ်းပေါ်မှာရှိတဲ့ ဘောတိစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု မလုပ်ပေမဲ့ ဘောတိစခန်းအနီးရှိ အမိုရွာကို ဇွန် ၉ ရက်မှာ လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် အရပ်သားတယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ရဲဘော်တွေဆီက သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဘောတိစခန်းကို မြန်မာစစ်တပ်က ၁၉၉၇ ခုနှစ်မှာ စတင် ဝင်ရောက် တပ်စွဲခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013