DVB Logo
Home
မြန်မာသတင်း
NUG နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တာဝန်မှ အနားယူ
DVB
·
June 10, 2025
NUG နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တာဝန်မှ အနားယူ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကို တာဝန်မှ အနားယူခွင့်ပြုကြောင်း သမ္မတရုံးက ဒီကနေ့ထုတ်ပြန်ပါတယ်။

NUG ရဲ့ ယာယီသမ္မတဒူဝါလရှီးလက ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာပါ။

ဒါနဲ့ပတ်သက်လို့ ဦးကျော်ဇော်က “ယာယီသမ္မတကြီးရဲ့မျှော်မှန်းဆောင်ရွက်ချက်တွေကို ပိုမိုအောင်မြင်အောင်၊ အဲဒီဆောင်ရွက်ချက်တွေ အောင်မြင်ဖို့အတွက်ကို ကျနော့်အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ကိုင်နေတာရှိတယ်။ ပြောဆိုနေတာရှိတယ်။ သမ္မတကြီးရဲ့ Vision တွေ၊ သမ္မတကြီးရဲ့ မျှော်မှန်းချက်တွေ အောင်မြင်အောင်အတွက် ကျနော့်အနေနဲ့ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုတွေ လုပ်ကိုင်သွားမယ်” လို့ DVB ကိုပြောပါတယ်။

အခုအနားယူမှုဟာ ယာယီသမ္မတက ပြည်ပရောက်ခေါင်းဆောင်တွေကို ပြည်တွင်းပြန်လာကြဖို့ ဆင့်ခေါ်ထားတာနဲ့ ပတ်သက်နေသလားဆိုတဲ့မေးခွန်းကို တိတိကျကျ ဖြေဆိုခဲ့တာမရှိပါဘူး။

ဒါပေမဲ့ နွေဦးတော်လှန်ရေး အပြီးသတ်အောင်ပွဲရရှိအောင် လုပ်နိုင်တဲ့နေရာကနေ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

ယာယီသမ္မတရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ဦးကျော်ဇော်ဟာ နိုင်ငံတော်သမ္မတရုံးရဲ့ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနဲ့ ပေါင်းစပ်ညှိနှိုင်းရေးတွေမှာ ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားမယ်ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

ဒါကြောင့် အခုလစ်လပ်သွားတဲ့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူနေရာကို ဘယ်သူတာဝန်ယူမလဲ ဆိုတာနဲ့ပတ်သက်လို့လည်း ဇွန် ၁၀ ရက် ညပိုင်းအထိ NUG ဘက်က ထုတ်ပြောလာတာ မရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ယာယီသမ္မတ ဒူဝါလရှီးလ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ကို နိုင်ငံတော်အကြီးအကဲအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013