DVB Logo
Home
နိုင်ငံတကာ
အက်ပဲလ်က Liquid Glass ဒီဇိုင်းအပြောင်းအလဲ မိတ်ဆက်
DVB
·
June 10, 2025
အက်ပဲလ်က Liquid Glass ဒီဇိုင်းအပြောင်းအလဲ မိတ်ဆက်
Donate to DVB

အက်ပဲလ်ရဲ့ နှစ်စဉ်ကျင်းပနေကျ Worldwide Developers Conference မှာ Liquid Glass လို့ နာမည်ပေးထားတဲ့ ဒီဇိုင်းအသွင်အပြင် အပြောင်းအလဲကိုသာ အဓိက မိတ်ဆက်ပေးခဲ့ပါတယ်။

ဖုန်းနဲ့ ကင်မရာ အက်ပလီကေးရှင်းအသစ်၊ Apple Watch နဲ့ Vision Pro စွမ်းဆောင်ရည် အသစ်တွေလည်း မိတ်ဆက်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ကုမ္ပဏီတွေအားလုံးက AI မှ AI ဖြစ်နေချိန်မှာ အက်ပဲလ်ရဲ့ AI ပိုင်းကတော့ စွမ်းဆောင်ရည်မြှင့်ထားတာ၊ လုပ်ဆောင်ချက် အသစ်ထပ်ထည့်ထားတာလောက်ပဲ မိတ်ဆက်သွားခဲ့တာ တွေ့ရပါတယ်။

iOS 26 မှာ အချိန်နဲ့တပြေးညီ ဘာသာပြန်ပေးတဲ့စနစ်ကို မက်ဆေ့ဂျ်၊ Facetime နဲ့ ဖုန်းအက်ပလီကေးရှင်းတွေမှာ တပါတည်း ထည့်ပေးထားပါတယ်။

ဒီနည်းပညာတွေဟာ Android စနစ်မှာ နှစ်အတန်ကြာကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။

အက်ပဲလ်ရဲ့ Siri မှာ AI အခြေပြု အဆင့်မြှင့်မှုတွေ ထည့်သွင်းမယ်လို့ မနှစ်ကပွဲမှာကတည်းက ကတိပေးခဲ့ပေမဲ့ ဒီနှစ်ပွဲမှာအထိ ချမပြနိုင်ခဲ့ပါဘူး။

အက်ပဲလ်ရဲ့ မိုဘိုင်းနဲ့ ကွန်ပျူတာမောင်းနှင်စနစ်တွေရဲ့ မျိုးဆက်ကို ဒီနှစ်ကစလို့ ခုနှစ်နဲ့ လိုက်ပြီးတော့ ရှေ့တနှစ်ကြိုပြီး ၂၆ လို့ ပြောင်းသုံးမယ့်ကိစ္စကိုလည်း ဒီပွဲမှာ အတည်ပြုခဲ့ပါတယ်။

Menu နဲ့ icon တွေ တစိတ်တပိုင်း ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်းသစ်ကို iOS 26, macOS Tahoe 26 တွေမှာ သုံးစွဲမှာဖြစ်ပါတယ်။

ပွဲမစခင်ကတည်းက အေးနေခဲ့တဲ့ အက်ပဲလ်စတော့ရှယ်ယာတွေဟာ ဇွန် ၉ ရက်မှာ ၁ ဒသမ ၂ ရာခိုင်နှုန်း စျေးကျသွားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013